Connect with us

Hi, what are you looking for?

News

မကွေးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ကျောက်ပန်းတောင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

မကွေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားက ယနေ့(အောက်တိုဘာ ၂၆ရက်)မွန်းလွဲ ၂နာရီခန့်တွင် သေနက်ဖြင့် ငါးချက်ခန့်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

People's Spring
People's Spring

မကွေးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးရန် ရာခိုင်နှုန်းများကြောင်း မကွေးမြို့ဒေသခံတစ်ဦးက ပြောသည်။

မကွေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားက ယနေ့(အောက်တိုဘာ ၂၆ရက်)မွန်းလွဲ ၂နာရီခန့်တွင် သေနက်ဖြင့် ငါးချက်ခန့်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ယခင်က စစ်မှုထမ်းခဲ့သူ ဖြစ်ပြီး ပစ်သတ်ခံရ၍ သေဆုံးရန် ရာခိုင်နှုန်းများကြောင်း၊ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံက ပြောသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးသော်လည်း မကွေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အပြင် အခြားတော်လှန်ရေးအင်အားစုအဖွဲ့များလည်းရှိသည်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ယာကြီးတော အနောက်ရွာ အုပ်ချုပ်ရေးမှူးဌေးလှိုင်ကိုလည်း ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့များက သွားရောက် သုတ်သင်ရှင်းလင်းခဲ့ဟု မြင်းခြံနယ်မှ 21 ပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဌေးလှိုင်ဆိုသူသည် အပြစ်မဲ့ပြည်သူများအား အမှုဆင် ဖမ်းဆီးခိုင်းခြင်း၊ ယာကြီးတောရွာအပါအဝင် ပတ်ဝန်းကျင်ရွာမျာအား အကြမ်းဖက် စစ်ကောင်စီတပ်ကို မကြာခဏ ခေါ်ယူ၍ ဒုက္ခမျိုးစုံပေးနေသူဖြစ်ကြောင်း၊ ထို့ကြောင့် လူမုန်းများသည့် ဌေးလှိုင်ကို သွားရောက်ရှင်းလင်း သုတ်သင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ သွားရောက်ရှင်းလင်းရာတွင် တောင်သာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မလှိုင်မြို့နယ်များမှ ပြောက်ကျားတပ်များ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကျောက်ပန်းတောင်းမြို့နယ် ကပဒဲရွာမှ အုပ်ချုပ်ရေးမှူး တစ်ဦး သတ်ခံခဲ့ရပြီး ယနေ့နံနက်ကလည်း မြို့ပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံက ပြောသည်။ ကျောက်ပန်းတောင်းမြို့ပေါ်ရှိ မြသရဖူဂိတ်၌ ပေါက်ကွဲမှု ဖြစ်ရာ ထိခိုက်မှုရှိနိုင်သည်ဟု ၎င်းကဆိုသည်။

ကျောက်ပန်းတောင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ပတ်သက်သည့်နေရာအချို့၌ ပေါက်ကွဲမှု များဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

"မြစ်အနောက်ဘက်ကစစ်ဘေးကနေမကွေး၊ တောင်ကြီး၊မန္တလေးအထိ—ရိုးရာပွဲတော်တွေ ဘယ်သူ့အတွက် စည်ကားနေကြသလဲ"

သတင်း

မကွေးတိုင်းက ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတချို့ မြစ်ကမ်း​ပါးပြိုလို့ နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။