Connect with us

Hi, what are you looking for?

News

မကွေးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ကျောက်ပန်းတောင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

မကွေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားက ယနေ့(အောက်တိုဘာ ၂၆ရက်)မွန်းလွဲ ၂နာရီခန့်တွင် သေနက်ဖြင့် ငါးချက်ခန့်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

People's Spring
People's Spring

မကွေးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးရန် ရာခိုင်နှုန်းများကြောင်း မကွေးမြို့ဒေသခံတစ်ဦးက ပြောသည်။

မကွေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားက ယနေ့(အောက်တိုဘာ ၂၆ရက်)မွန်းလွဲ ၂နာရီခန့်တွင် သေနက်ဖြင့် ငါးချက်ခန့်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးသည် ယခင်က စစ်မှုထမ်းခဲ့သူ ဖြစ်ပြီး ပစ်သတ်ခံရ၍ သေဆုံးရန် ရာခိုင်နှုန်းများကြောင်း၊ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံက ပြောသည်။

အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးသော်လည်း မကွေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အပြင် အခြားတော်လှန်ရေးအင်အားစုအဖွဲ့များလည်းရှိသည်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ယာကြီးတော အနောက်ရွာ အုပ်ချုပ်ရေးမှူးဌေးလှိုင်ကိုလည်း ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့များက သွားရောက် သုတ်သင်ရှင်းလင်းခဲ့ဟု မြင်းခြံနယ်မှ 21 ပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဌေးလှိုင်ဆိုသူသည် အပြစ်မဲ့ပြည်သူများအား အမှုဆင် ဖမ်းဆီးခိုင်းခြင်း၊ ယာကြီးတောရွာအပါအဝင် ပတ်ဝန်းကျင်ရွာမျာအား အကြမ်းဖက် စစ်ကောင်စီတပ်ကို မကြာခဏ ခေါ်ယူ၍ ဒုက္ခမျိုးစုံပေးနေသူဖြစ်ကြောင်း၊ ထို့ကြောင့် လူမုန်းများသည့် ဌေးလှိုင်ကို သွားရောက်ရှင်းလင်း သုတ်သင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ သွားရောက်ရှင်းလင်းရာတွင် တောင်သာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မလှိုင်မြို့နယ်များမှ ပြောက်ကျားတပ်များ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကျောက်ပန်းတောင်းမြို့နယ် ကပဒဲရွာမှ အုပ်ချုပ်ရေးမှူး တစ်ဦး သတ်ခံခဲ့ရပြီး ယနေ့နံနက်ကလည်း မြို့ပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံက ပြောသည်။ ကျောက်ပန်းတောင်းမြို့ပေါ်ရှိ မြသရဖူဂိတ်၌ ပေါက်ကွဲမှု ဖြစ်ရာ ထိခိုက်မှုရှိနိုင်သည်ဟု ၎င်းကဆိုသည်။

ကျောက်ပန်းတောင်းမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ပတ်သက်သည့်နေရာအချို့၌ ပေါက်ကွဲမှု များဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။