Connect with us

Hi, what are you looking for?

သတင်း

ပလိပ်တွင်လည်း စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးနေ

မန္တလေးတိုင်း၊ ပလိပ်မြို့တွင်လည်း စစ်ကောင်စီက စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

(စစ်မှုထမ်းရန် စုဆောင်းခံရသူများအား စက်တင်ဘာအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-စကစ)
(စစ်မှုထမ်းရန် စုဆောင်းခံရသူများအား စက်တင်ဘာအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-စကစ)

အင်ကြင်း/People’s Spring

ယမန်နေ့(ဒီဇင်ဘာ ၉ရက်) ညနေ ၃နာရီခန့်က ပလိပ်မြို့ပေါ် ရပ်ကွက်တစ်ခု၌ စစ်ကောင်စီတပ်က စစ်ကား၂စီးဖြင့် ရောက်ရှိလာပြီး လူငယ် ငါးဦးအား စစ်မှုထမ်းရန် ဖမ်းဆီးသွားကြောင်း Voice Of Mandalay အဖွဲ့က အသိပေးသည်။

“ပလိပ်မှာ အကုန်ပတ်ဆွဲနေတာ။ အခြေအနေမကောင်းဘူး။”ဟု ပလိပ်ဒေသခံလူငယ်တစ်ဦးက ပြောသည်။

ထို့ကြောင့် လူငယ်များမှာ စစ်မှုထမ်းဖမ်းဆီးခံရမည်စိုး၍ မန္တလေးမြို့ပေါ်သို့ အလုပ်သွားရောက်လုပ်ကိုင်ခြင်းမပြုတော့ဘဲ အလုပ်များရပ်နားထားရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ပလိပ်မြို့အပြင် မန္တလေးမြို့ပေါ်ရပ်ကွက်များတွင်လည်း စစ်ကောင်စီတပ်က ဖမ်းဆီးမှုများပြုလုပ်နေပြီး ဒီဇင်ဘာလဆန်းပိုင်းအတွင်း လူငယ် ၃၀ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ကို Voice Of Mandalay ၏ စာရင်းများအရ သိရသည်။

စစ်ကောင်စီသည် နိုဝင်ဘာ ပထမလဝက်အတွင်းကလည်း မန္တလေး၊တံတားဦး၊ ကျောက်ဆည်၊ မြစ်သား၊ ဝမ်းတွင်း၊ မလှိုင်၊ မိတ္ထီလာနယ်များမှ လူငယ်ရာချီ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည်။

စစ်မှုထမ်းဥပဒေကို စစ်တပ်အုပ်ချုပ်ခဲ့သည့် ၂၀၁၀ နိုဝင်ဘာတွင် ပြဌာန်းခဲ့သည်။ ထို့နောက် ၁၅ နှစ်နီးပါးအကြာ စစ်တပ်က အာဏာသိမ်းထားသည့် ကာလ ၂၀၂၄ ဖေဖော်ဝါရီ၁၀ရက်နေ့တွင် စတင်ကျင့်သုံးလိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ စစ်ကောင်စီသည် ဥပဒေကို အသက်သွင်းပြီးပြီးချင်း နည်းဥပဒေပင် မထွက်သေးခင် ဧပြီလကစ၍ နိုင်ငံတဝန်းရှိ လူငယ်များအား စစ်မှုထမ်းခေါ်ဆိုခဲ့ရာ ယခုအခါ အပတ်စဥ်(၇)သို့ ရောက်ရှိနေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ဇနီးဖြစ်သူ​ဒေါ်ခင်စိုးရီက ခင်ပွန်းကိုပြန်လွတ်​ပေးဖို့ အာဏာသိမ်း​ခေါင်း​ဆောင်​တွေထံအသနားခံ