Connect with us

Hi, what are you looking for?

သတင်း

ရေနံချောင်းတွင် ရဲဒုတပ်ကြပ်နှစ်ဦးအား PDFအဖွဲ့ကဖမ်းဆီးစဥ် ခုခံ၍ ပစ်ခတ်ခဲ့ရာ နှစ်ဦးလုံးသေဆုံး

အဆိုပါဖမ်းဆီးမှုကို People’s Defence Force -Yenangyaung ၊Tamar Myay Special Coloumနှင့် Midland Dolphin’s Coloum တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

(ရဲနှစ်ဦးထံမှ သိမ်းဆည်းရမိသော ပစ္စည်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-YNG PDF)
(ရဲနှစ်ဦးထံမှ သိမ်းဆည်းရမိသော ပစ္စည်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-YNG PDF)

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် စစ်ကောင်စီ၏ ရဲဒုတပ်ကြပ်နှစ်ဦးအား ဖမ်းဆီးစဥ် ပြန်လည်ခုခံ၍ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ရေနံချောင်း)မှတာဝန်ခံ ကိုစံသျှားက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၁ရက်) နံနက် ၁၁ နာရီခန့်က ရေနံချောင်းမြို့နယ်အတွင်း အရပ်ဝတ်ဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏သတင်း လိုက်လံထောက်လှမ်းနေသော လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ်အောင်ဒင်နှင့် ဒုတပ်ကြပ်မြတ်စိုးနိုင်တို့နှစ်ဦးအား မကျည်းတိုင်း-ဖိုးကိုးလမ်းပိုင်းတွင် ဖမ်းဆီးရာ လက်ပစ်ဗုံးဖြင့်ပြန်လည်ခုခံ​၍ ပစ်ခတ်ခဲ့ရာသေဆုံးသွားကြောင်း ရေနံချောင်း PDFတာဝန်ခံ ကိုစံသျှားက ပြောသည်။

“တစ်ဦးကနေရာမှာတင် သေပြီး၊ ကျန်တစ်ဦးကခေါ်လာစဉ် သွေးထွက်လွန်ပြီးသေတာပါ။ အလောင်း ၂ခုလုံးကို ကျွန်တော်တို့ပဲ သဂြို‌လ်ပေးခဲ့ပါတယ်။”ဟု ရေနံချောင်း PDFတာဝန်ခံ ကိုစံသျှားက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါရဲနှစ်ဦးထံမှ လက်နက်ရရှိခြင်းမရှိဘဲ လက်ပစ်ဗုံးတစ်လုံး၊ ရဲစာရွက်စာတမ်းများနှင့် ဖုန်း သုံးလုံးသိမ်းဆည်းရမိခဲ့ကြောင်း ရေနံချောင်း PDFက အသိပေးထားသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နေ့လယ် ၂နာရီခန့်တွင် အင်အား ၁၅ဦးခန့်ပါ ရဲကား ၂စီးရောက်ရှိလာသော်လည်း ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအထိရောက်ရှိ မလာဘဲလှည့်ပြန်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖမ်းဆီးမှုကို People’s Defence Force -Yenangyaung ၊Tamar Myay Special Coloumနှင့် Midland Dolphin’s Coloum တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီအတွင်းကလည်း လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲအုပ်နှင့် စစ်သားများသည် ရေနံချောင်းမြို့ ယာပြင်စစ်ဆေးရေးဂိတ်မှ ပြန်လာစဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook