Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်ကို ပြာပုံဖြစ်​စေရမယ်လို့စစ်တပ်ကခြိမ်း​ခြောက်ပြီးအနောက်ခြမ်းကိုဆက်တိုက်မီးရှို့နေ

ဒီဇင်ဘာလ၈ရက်နေ့ကနေ ဒီဇင်ဘာလ ၁၆ ရက်အထိ မြွေပုသိမ်၊မြွေသစ်တောရုံး၊ဥဒိန်၊စိန်ပန်းကုန်း၊ဆင်ကုန်း၊ပိုဝမြောက်ရွာတို့ကိုမီးရှို့ဖျက်ဆီးထားတယ်လို့သိရပါတယ်။

(မတ္တရာမြို့နယ် အ​နောက်ခြမ်းက ဆင်ကုန်းနဲ့ပိုဝမြောက်ရွာ​တွေကိုစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာမီးရှို့​နေစဥ်။ဓါတ်ပုံ-​မြေပြင်ကင်း​ထောက်)
(မတ္တရာမြို့နယ် အ​နောက်ခြမ်းက ဆင်ကုန်းနဲ့ပိုဝမြောက်ရွာ​တွေကိုစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာမီးရှို့​နေစဥ်။ဓါတ်ပုံ-​မြေပြင်ကင်း​ထောက်)

ရှိန်း/People’s Spring

မတ္တရာမြို့နယ်ကိုစစ်တပ်က အကုန်ပြာပုံဖြစ်စေရမယ်လို့ခြိမ်း​ခြောက်ထားပြီး ရွာတွေကိုနေ့တိုင်းမီးရှို့နေတယ်လို့ဒေသခံတွေက​ပြောပါတယ်။

“တနယ်လုံးပြာပုံပဲကျန်စေရမယ်လို့လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)ကကြိမ်းထားတယ်လို့ပြောတယ်။အခုကတော့နေ့တိုင်းရှို့နေတာပဲ “လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

နိုဝင်ဘာလအတွင်းကမတ္တရာမြို့နယ်အနောက်ခြမ်းကိုစစ်တပ်ကပြန်လည်သိမ်းယူခဲ့ပြီး​နောက်မှာ ကျေးရွာတွေက ပြည်သူ​တွေရဲ့အိမ်​မွေးတိရစ္ဆာန်နဲ့အိမ်သုံးပစ္စည်းတွေကိုစစ်သား​တွေက ခိုးယူ​နေကာ ကျေးရွာတွေဆက်တိုက်ကိုမီးရှို့နေတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလ၈ရက်နေ့ကနေ ဒီဇင်ဘာလ ၁၆ ရက်အထိ မြွေပုသိမ်၊မြွေသစ်တောရုံး၊ဥဒိန်၊စိန်ပန်းကုန်း၊ဆင်ကုန်း၊ပိုဝမြောက်ရွာတို့ကိုမီးရှို့ဖျက်ဆီးထားတယ်လို့သိရပါတယ်။

“ဥဒိန်ရွာဆို ဒီလထဲတင်၅ခါရှိပြီ။ဒီနေ့မြွေပုသိမ်ရွာကိုထပ်ရှို့နေတယ်။ဘယ်သူမှရွာထဲပြန်ဝင်မကြည့်ရဲတော့ ကုန်ပြီလားမသိဘူး”လို့ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းက ဥဒိန်၊စိန်ပန်းကုန်း၊ဇလ၊အောက်တောင်ကိုင်း၊သဖန်းထောင့်၊ငယ်တိုး၊သုံးဆယ်ပေးစတဲ့ရွာတွေကိုစစ်တပ်ကအထိုင်ချပြီး မတ္တရာမြို့ထဲကတပ်တွေနဲ့ပေါင်းကာ ပစ္စည်းခိုးယူမီးရှို့တာတွေပြုလုပ်နေတာပါ။

ယခင်က ​ဒေသခံကာကွယ်​ရေးတပ်​တွေ နဲ့ ပကဖ ​တွေ စိုးမိုးထားတဲ့ မတ္တရာမြို့နယ် အ​နောက်ခြမ်းကရွာ​တွေကို စစ်​ကောင်စီတပ်က နိုဝင်ဘာလမှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ​ကြောင့်​ဒေသခံကာကွယ်​ရေးတပ်​တွေပြန်ဆုတ်​ပေးခဲ့ရပါတယ် ။

မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်တပ် စစ်​ကြောင်းထိုး အကြမ်းဖက်​နေတဲ့အတွက် ဒေသခံပြည်သူ​တွေ ရှောင်တိမ်းနေရတဲ့ကျေးရွာလည်း ၂၀ နီးပါးရှိတယ်လို့သိရပါတယ်။

မတ္တရာမြို့နယ် အ​​ရှေ့ခြမ်းကို​တော့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး) က စစ်စခန်း​ပေါင်း ၄၀ နီးပါးကို သိမ်းပိုက်ပြီးထိန်းချုပ်ထားတာပါ ။မတ္တရာအ​ရှေ့ခြမ်းကို စစ်​ကြောင်းထိုးတဲ့စစ်သား​တွေကို မန္တ​လေးPDF အကြိမ်ကြိမ်လန်ကျသွား​အောင် တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

ဒါအပြင် မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းမှာ တော်လှန်ရေးတပ်ဖွဲ့​တွေ ခေတ္တလက်လွှတ်ခဲ့ရတဲ့ရွာ​တွေထဲက ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နဲ့ ထိန်ပင်စောက်ကျေးရွာ​တွေက စစ်​ကောင်စီတပ်ကို မန္တ​လေးPDF ကထိုးစစ်ဆင်တိုက်ခိုက်ပြီးအပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့မန္တ​လေးPDF ကထုတ်ပြန်ထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

Facebook