Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယူးယောက်မှာ တရုတ်အတွက် လျှို့ဝှက်ရဲစခန်း ဖွင့်လှစ်ပေးခဲ့ကြောင်း အမေရိကန် နိုင်ငံသား ဝန်ခံ

အမေရိကန်ရဲ့ နယူးယောက် မြို့ထဲမှာ တရုတ် အစိုးရ ကိုယ်စား လျှို့ဝှက် ရဲစခန်းတစ်ခု ဖွင့်လှစ်ထားခဲ့ကြောင်း အမေရိကန် နိုင်ငံသား တစ်ဦးက ဝန်ခံခဲ့ပါတယ်။

အမေရိကန်ရဲ့ နယူးယောက် မြို့ထဲမှာ တရုတ် အစိုးရ ကိုယ်စား လျှို့ဝှက် ရဲစခန်းတစ်ခု ဖွင့်လှစ်ထားခဲ့ကြောင်း အမေရိကန် နိုင်ငံသား တစ်ဦးက ဝန်ခံခဲ့ပါတယ်။

နယူးယောက်မှာ နေထိုင်သူ တရုတ်နွယ်ဖွား အမေရိကန် နိုင်ငံသား ချန်ကျင်ပင်းက သူ့ရဲ့ ကြံရာပါ လူကျင်ဝမ်နဲ့အတူ နယူးယောက်ရဲ့ မက်ဟမ်တန် ရပ်ကွက်ထဲမှာ တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ကိုယ်စား ၂၀၂၂ နှစ်ဆန်းပိုင်းလောက်မှာ လျှို့ဝှက် ရဲစခန်းတစ်ခု ဖွင့်လှစ်ခဲ့တယ်လို့ ဝန်ခံ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တရုတ်လျှို့ဝှက် ရဲစခန်းတွေဟာ ကမ္ဘာ့နိုင်ငံပေါင်း ၅၃ ခုလောက်မှာ အရေအတွက် ၁၀၀ ထက်မနည်း ရှိနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။ အဲဒီ ပြည်ပအခြေစိုက် တရုတ် ရဲစခန်းတွေရဲ့ တာဝန်ဟာ တခြားနိုင်ငံတွေဆီ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို စောင့်ကြည့်ဖို့နဲ့ လိုအပ်လာရင် ဖိအားပေး ခြိမ်းခြောက်ဖို့ ဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စွပ်စွဲ ပြောဆိုထားပါတယ်။

တရုတ် အာဏာပိုင်တွေကတော့ သူတို့ဟာ ပြည်ပမှာ လျှို့ဝှက် ရဲဌာနတွေ ဖွင့်လှစ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး ပြည်ပရောက် တရုတ်နိုင်ငံသားတွေကို လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်မယ့် စင်တာတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၆၀ အရွယ် ချန်က ဖွင့်လှစ်ထားတယ်ဆိုတဲ့ လျှို့ဝှက် ရဲစခန်းကတော့ ဆိုင်ခန်းတစ်ခုရဲ့ အပေါ်ထပ် တစ်ထပ်လုံးကို ငှားရမ်းထားတာဖြစ်ပြီး တရုတ် နိုင်ငံသားတွေအတွက် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတဲ့ ကိစ္စတွေကို ကူညီ ဆောင်ရွက်ပေးနေခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အမေရိကန်ရောက် တရုတ် ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေကို တရုတ် အစိုးရကိုယ်စား ထောက်လှမ်းပေးတာမျိုးတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက စွပ်စွဲခဲ့ပါတယ်။

အမေရိကန်ရဲ့ ဖက်ဒရယ် ထောက်လှမ်းရေး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ စတင်လာခဲ့တဲ့နောက် အဲဒီလျှို့ဝှက် ရဲစခန်းဟာ ၂၀၂၂ ဆောင်းဦးပေါက်မှာ ပိတ်သိမ်းသွားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုတွေ သတင်းကို ကြားသိချိန်မှာ ချန်နဲ့ လူတို့ဟာ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးနဲ့ အပြန်အလှန် ဆက်သွယ် ပြောဆိုထားတဲ့ messageတွေကို ဖျက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့မှာတော့ ချန်ဟာ လက်ရှိ စုံစမ်း စစ်ဆေးမှုတွေမှာ တရုတ် အစိုးရအတွက် အေးဂျင့်အဖြစ် အလုပ်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ်ထိ ပြစ်ဒဏ်မျိုး ချမှတ်ခံရနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

သူ့ရဲ့ တွဲဖက် အသက် ၅၉ နှစ်အရွယ် လူကတော့ အပြစ်မရှိဘူးလို့ ငြင်းဆိုထားပြီး စီရင်ချက်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

ချန်ကို ဖမ်းဆီးခဲ့တဲ့ အချိန်တုန်းက အမေရိကန် အာဏာပိုင်တွေက နိုင်ငံပိုင်နက်ထဲမှာ တရုတ် လျှို့ဝှက် ရဲစခန်းတစ်ခုနဲ့ ပတ်သက်လို့ ပထမဆုံး တရားရေးအရ ကိုင်တွယ်မှု ဖြစ်လာကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်ဂြိုဟ်တု တစ်စီးကို တင်ဆောင်သွားတဲ့ ဒုံးပျံကြီးဟာ လွှတ်တင်ပြီး တစ်မိနစ်ခွဲနီးပါး အကြာမှာပဲ အပြင်းအထန် ပေါက်ကွဲ ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ကို ရန်လို ဖိအားပေးရင်း တရုတ် သင်္ဘောနှစ်စီး တိုက်မိခဲ့တဲ့ ဖြစ်စဉ်မှာ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ် ဆိုတာကို တရုတ်က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကြောင့် တရုတ်မှာ လူ ၁ သန်းလောက် ယာယီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။