Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဂူဒေသ၌ စစ်ကောင်စီတပ်နှင့် ဓနုတပ် တိုက်ပွဲဆက်ဖြစ်နေ

တိုက်ပွဲဖြစ်ပွားနေသော နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာနှင့် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ လမ်းပိုင်းတစ်စပ်တည်းရှိသည်။

( DPLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ − DPLF)
( DPLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ − DPLF)

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ကျောက်ဂူမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်(အမတ − ၃၄၉)အနီးတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေသည်။

တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ၌ မိုင်(၃၀)ခန့်ကွာဝေးသော ကျောက်ဂူဒေသတွင် DPLAနှင့် စစ်ကောင်စီတပ်တို့သည် နိုဝင်ဘာလကုန်ပိုင်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေသော နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာနှင့် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ လမ်းပိုင်းတစ်စပ်တည်းရှိသည်။

Public Service Announcement

Public Service Announcement

“နေ့တိုင်းဖြစ်တာရှိတယ်။ ရက်ခြား တာလည်းရှိပါတယ်။ မနေ့ကတော့ ပြန်ဖြစ်တာပေါ့”ဟု DPLA တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၈ရက် ညနေ ၃နာရီအချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ထမင်းပေါင်းကျေးရွာမှ အရပ်သားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟုလည်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)က အသိပေးသည်။

စစ်ကောင်စီသည် ကျောက်ဂူဒေသကျေးရွာများရှိရာသို့ လက်နက်ကြီးပစ်ခတ်၍ လည်းကောင်း၊ ဒရုန်းဖြင့် ဗုံးချ၍ လည်းကောင်း တိုက်ခိုက်နေကြောင်း၊ ဒီဇင်ဘာ(၁၀)ရက်နေ့ကလည်း ကျောက်မီးခတ်ကျေးရွာဘုန်းကြီးကျောင်းကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ယမန်နေ့ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၉ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်က အထိနာခဲ့ဟု DPLFက ထုတ်ပြန်ထားသည်။ နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၉ရက်နေ့အထိ တိုက်ပွဲ ၁၀ရက်တာ အတွင်း စစ်ကောင်စီတပ်မှ ၅၀ဦး ကျော် သေဆုံးကာ ဒဏ်ရာရသူများ ရှိကြောင်း DPLFက ထုတ်ပြန်ထားသည်။

စစ်ရေး အခြေအနေများကြောင့် ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးဝေးနေရန် ၊ ဘေးကင်းလုံခြုံသည့်နေရာများ၌ စစ်ရှောင်ကြရန် DPLFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်