Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဂူတိုက်ပွဲ စစ်ကောင်စီ​၏ ဓာတုဗုံးအသုံးပြုမှုကြောင့် ရဲဘော် ခုနစ်ဦးခန့်ထိခိုက်ဟု ဓနုတပ်ပြော

ဒီဇင်ဘာ ၇ရက် ညနေ ၄နာရီတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်ဓာတုဗုံးချတိုက်ခိုက်ခဲ့မှုကြောင့် DPLAပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ဓာတုအဆိပ်သင့် မူးဝေအော့အန်ခြင်းများရှိခဲ့ကြောင်း အသိပေးသည်။

(ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော်(DPLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - DPLA)
(ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော်(DPLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - DPLA)

ဟန်နွေ ၊အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ဒရုန်းအသုံးပြုပြီး ဓါတုဗုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု DPLA​၏ ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က ပြောသည်။

ရပ်စောက်နှင့်နောင်ချိုမြို့မှ ပူးပေါင်းဝင်ရောက်လာသည့် အင်အားငါးရာခန့်ရှိစစ်ကောင်စီတပ်ဖွဲ့နှင့်DPLA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ရှမ်းမြောက်နှင့်ရှမ်းတောင်ကို အဓိကဆက်သွယ်သည့် ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၃၀ရက်မှစတင်ကာ နေ့တိုင်းနီးပါး တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

ဒီဇင်ဘာ ၇ရက် ညနေ ၄နာရီတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်ဓာတုဗုံးချတိုက်ခိုက်ခဲ့မှုကြောင့် DPLAပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ဓာတုအဆိပ်သင့် မူးဝေအော့အန်ခြင်းများရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

” နောင်ချို (၆၀၆) ဒုံးတပ်ကို သိမ်းတုန်းကတော့ လေယာဉ်နဲ့ ဓာတုဗုံးချတာကြုံဖူးပါတယ်ဗျ။ ကျောက်ဂူဒေသမှာတော့ ပထမဆုံးအကြိမ်ပါပဲ”ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က ပြောသည်။

ယခု စစ်ကောင်စီ၏ ဓာတုဗုံးတိုက်ခိုက်မှုကြောင့် DPLA ရဲဘော် ခုနစ်ဦးခန့် ထိခိုက်ခံစားခဲ့ရသည်ဟု ၎င်းက ဆိုသည်။

” စစ်ကောင်စီဟာ မတရားမှုတွေကို တိုးပြီးလုပ်ဆောင်နေပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်သားတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေမှာ အလင်းဝင်ရောက်ကြဖို့ ပြောလိုပါတယ်”ဟု ကိုအမောင်က ပြောသည်။

DPLAသည် ကျောက်ဂူဒေသတွင် စစ်ကောင်စီနယ်မြေခံတပ်များ ဖြစ်သည့် ကျောက်ဂူအမြောက်တပ်( အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂)နှင့် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာသို့ ရပ်စောက်ဘက်မှ စစ်ကူသွားသည့်စစ်ကောင်စီတပ်များနှင့်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း DPLFက ထုတ်ပြန်သည်။

” ပြည်သူတွေ အဓိက ပြောချင်တာကတော့ စကစတပ်နဲ့ နီးစပ်ရာ နေရာတွေမှာ မနေဖို့ရယ် တိုက်ပွဲနဲ့ မနီးတဲ့ နေရာတွေမှာ ဘေးကင်းစွာ စစ်ရှောင်ကြဖို့ အသိပေးချင်ပါတယ်”ဟု ကိုအမောင်က ပြည်သူများအား သတင်းစကားပါးသည်။

ကျောက်ဂူဒေသတွင် ပြီးခဲ့သည့်သြဂုတ်လဆန်းပိုင်းကလည်း DPLA နှင့် စစ်​ကောင်စီတပ်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ဩဂုတ်လ ၈ရက်က တိုက်ပွဲ၌ စစ်ကောင်စီတပ်ခလရ(၂၉၂)

တပ်ရင်းမှူးဗိုလ်မှူးမျိုးမျိုးသူ အပါအဝင်ကိုးဦးသေဆုံးပြီး ဗိုလ်မှူးမျိုးမျိုးသူ၏ ရုပ်အလောင်းကို DPLA က ရရှိခဲ့သည်။ စစ်သုံ့ပန်းရှစ်ဦးဖမ်းမိသလို သေနတ် ၁၉လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း DPLAက သတင်းထုတ်ပြန်ခဲ့သည်။ ကျောက်ဂူဒေသတွင် တိုက်ပွဲဆက်လက်ပြင်းထန်နိုင်သည်ဟု DPLA တာဝန်ရှိသူက​ပြောသည်။

DPLAသည်ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ၊ ဒုတိယပိုင်းတွင် တအာင်းတပ်မတော်(TNLA) အပါအဝင် မဟာမိတ်တော်လှန်ရေးတပ်များနှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲများတွင် သမားရိုးကျလက်နက်များဖြင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအပြင် အရပ်သားများပါ သေကျေဒဏ်ရာရလေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ထုတ်ပြန်ခဲ့ပြီးဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ အသိပေးဖော်ပြသည်။

သတင်း

ရခိုင်ပြည်နယ် မြို့နယ် ၊စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ် နဲ့ အာရက္ခတပ်တော်(AA)က တိုက်ပွဲဆက်ပွားနေပြီးဖေဖော်ဝါရီလ (၁၁)ရက်​နေ့ ညမှာ စစ်တွေမြို့အဝင်အမြင့်ကျွန်းက စစ်ကောင်စီစခန်းအနီး တိုက်ပွဲ​တွေပြင်းထန်ခဲ့ပါတယ်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး