Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဂူတိုက်ပွဲ စစ်ကောင်စီ​၏ ဓာတုဗုံးအသုံးပြုမှုကြောင့် ရဲဘော် ခုနစ်ဦးခန့်ထိခိုက်ဟု ဓနုတပ်ပြော

ဒီဇင်ဘာ ၇ရက် ညနေ ၄နာရီတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်ဓာတုဗုံးချတိုက်ခိုက်ခဲ့မှုကြောင့် DPLAပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ဓာတုအဆိပ်သင့် မူးဝေအော့အန်ခြင်းများရှိခဲ့ကြောင်း အသိပေးသည်။

(ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော်(DPLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - DPLA)
(ဓနုပြည်သူ့လွတ်မြောက် ရေးတပ်တော်(DPLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - DPLA)

ဟန်နွေ ၊အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ဒရုန်းအသုံးပြုပြီး ဓါတုဗုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု DPLA​၏ ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က ပြောသည်။

ရပ်စောက်နှင့်နောင်ချိုမြို့မှ ပူးပေါင်းဝင်ရောက်လာသည့် အင်အားငါးရာခန့်ရှိစစ်ကောင်စီတပ်ဖွဲ့နှင့်DPLA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ရှမ်းမြောက်နှင့်ရှမ်းတောင်ကို အဓိကဆက်သွယ်သည့် ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၃၀ရက်မှစတင်ကာ နေ့တိုင်းနီးပါး တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

ဒီဇင်ဘာ ၇ရက် ညနေ ၄နာရီတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်ဓာတုဗုံးချတိုက်ခိုက်ခဲ့မှုကြောင့် DPLAပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ဓာတုအဆိပ်သင့် မူးဝေအော့အန်ခြင်းများရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

” နောင်ချို (၆၀၆) ဒုံးတပ်ကို သိမ်းတုန်းကတော့ လေယာဉ်နဲ့ ဓာတုဗုံးချတာကြုံဖူးပါတယ်ဗျ။ ကျောက်ဂူဒေသမှာတော့ ပထမဆုံးအကြိမ်ပါပဲ”ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က ပြောသည်။

ယခု စစ်ကောင်စီ၏ ဓာတုဗုံးတိုက်ခိုက်မှုကြောင့် DPLA ရဲဘော် ခုနစ်ဦးခန့် ထိခိုက်ခံစားခဲ့ရသည်ဟု ၎င်းက ဆိုသည်။

” စစ်ကောင်စီဟာ မတရားမှုတွေကို တိုးပြီးလုပ်ဆောင်နေပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်သားတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေမှာ အလင်းဝင်ရောက်ကြဖို့ ပြောလိုပါတယ်”ဟု ကိုအမောင်က ပြောသည်။

DPLAသည် ကျောက်ဂူဒေသတွင် စစ်ကောင်စီနယ်မြေခံတပ်များ ဖြစ်သည့် ကျောက်ဂူအမြောက်တပ်( အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂)နှင့် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာသို့ ရပ်စောက်ဘက်မှ စစ်ကူသွားသည့်စစ်ကောင်စီတပ်များနှင့်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း DPLFက ထုတ်ပြန်သည်။

” ပြည်သူတွေ အဓိက ပြောချင်တာကတော့ စကစတပ်နဲ့ နီးစပ်ရာ နေရာတွေမှာ မနေဖို့ရယ် တိုက်ပွဲနဲ့ မနီးတဲ့ နေရာတွေမှာ ဘေးကင်းစွာ စစ်ရှောင်ကြဖို့ အသိပေးချင်ပါတယ်”ဟု ကိုအမောင်က ပြည်သူများအား သတင်းစကားပါးသည်။

ကျောက်ဂူဒေသတွင် ပြီးခဲ့သည့်သြဂုတ်လဆန်းပိုင်းကလည်း DPLA နှင့် စစ်​ကောင်စီတပ်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ဩဂုတ်လ ၈ရက်က တိုက်ပွဲ၌ စစ်ကောင်စီတပ်ခလရ(၂၉၂)

တပ်ရင်းမှူးဗိုလ်မှူးမျိုးမျိုးသူ အပါအဝင်ကိုးဦးသေဆုံးပြီး ဗိုလ်မှူးမျိုးမျိုးသူ၏ ရုပ်အလောင်းကို DPLA က ရရှိခဲ့သည်။ စစ်သုံ့ပန်းရှစ်ဦးဖမ်းမိသလို သေနတ် ၁၉လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း DPLAက သတင်းထုတ်ပြန်ခဲ့သည်။ ကျောက်ဂူဒေသတွင် တိုက်ပွဲဆက်လက်ပြင်းထန်နိုင်သည်ဟု DPLA တာဝန်ရှိသူက​ပြောသည်။

DPLAသည်ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ၊ ဒုတိယပိုင်းတွင် တအာင်းတပ်မတော်(TNLA) အပါအဝင် မဟာမိတ်တော်လှန်ရေးတပ်များနှင့်ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။