Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲအကြောင်း အဓိကတင်ပြဟုဆို

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၁၉နဲ့ ၂၀ရက်တွေမှာ ဆွေးနွေးပွဲတွေကျင်းပနေခြင်းဖြစ်ပြီး မနက်ဖြန်(ဒီဇင််ဘာ ၂၀ရက်)ဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

(ဘန်​ကောက်မြို့မှာပြုလုပ်တဲ့ အိမ်နီးချင်း ၆ နိူင်ငံအစည်းအ​ဝေးကို ဒီဇင်ဘာ၁၉ ရက်ကပြုလုပ်စဥ်။ဓါတ်ပုံ-AP)
(ဘန်​ကောက်မြို့မှာပြုလုပ်တဲ့ အိမ်နီးချင်း ၆ နိူင်ငံအစည်းအ​ဝေးကို ဒီဇင်ဘာ၁၉ ရက်ကပြုလုပ်စဥ်။ဓါတ်ပုံ-AP)

ထားအိ/People’s Spring

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီနေ့ကျင်းပပြုလုပ်တဲ့ အိမ်နီးချင်း ၆နိုင်ငံဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးက လာမယ့်နှစ်မှာ စစ်ကောင်စီကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအကြောင်းကို အဓိက တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ကမကထပြုကျင်းပတဲ့ အိမ်နီးချင်းနိုင်ငံများအလွတ်သဘောဆွေးနွေးပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်၊ လာအိုနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးသန်းဆွေက လူဦးရေသန်းခေါင်စာရင်းကောက်ယူမှု၊ နိုင်ငံရေးပါတီ ၅၃ပါတီ မှတ်ပုံတင်ထားမှုအပါအဝင် နိုင်ငံရေးလမ်းပြမြေပုံနဲ့ ရွေးကောက်ပွဲပြင်ဆင်ထားမှုအခြေအနေတိုးတက်မှုကို အလေးပေးတင်ပြခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အိမ်နီးချင်းနိုင်ငံတွေ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေလို နိုင်ငံခြားက ရွေးကောက်ပွဲစောင့်ကြည့်တွေကို ဖိတ်ခေါ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သူ(စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး)က ပြောပါတယ်”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရစ်က ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံ့စီးပွားရေးပြိုလဲမှုနဲ့ ဒါဇင်နှင့်ချီ နိုင်ငံရေးပါတီများအား ဖျက်သိမ်းထားခြင်းနဲ့အတူ နိုင်ငံအနှံ့စစ်မျက်နှာတွေမှာ အကြီးအကျယ်ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် လာမယ့် ၂၀၂၅ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြွေးကြော်နေပါတယ်။ စစ်ကောင်စီကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအဖြစ် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချထားပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေက ယေဘုယျအပြုသဘောရှုမြင်ခဲ့ပြီး မြန်မာ့အကျပ်အတည်းကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ အလိုရှိကြကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားတယ်လို့လည်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုကြောင်း ထိုင်းနိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၁၉နဲ့ ၂၀ရက်တွေမှာ ဆွေးနွေးပွဲတွေကျင်းပနေခြင်းဖြစ်ပြီး မနက်ဖြန်(ဒီဇင််ဘာ ၂၀ရက်)ဆွေးနွေးပွဲမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

မနက်ဖြန်ကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲဟာ အာဆီယံအဆင့် ဆွေးနွေးပွဲဖြစ်ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်ရှိ၊​မရှိ အခြေအနေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

“မနက်ဖြန်ဆွေးနွေးပွဲက အာဆီယံအဆင့်ဆွေးနွေးပွဲဖြစ်ပါလိမ့်မယ်။ လာအိုက ဆွေးနွေးပွဲသဘာပတိအဖြစ် တာဝန်ယူမှာဖြစ်ပြီး ကျွန်တော်က ဒီနေ့ဆွေးနွေးပွဲရလဒ်တွေကို မနက်ဖြန်အစည်းအဝေးမှာ အစီရင်ခံတင်ပြမှာပါ”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်က ပြောပါတယ်။

ဆွေးနွေးပွဲကိုစောင့်ကြည့်နေသူ သတင်းရင်းမြစ်တစ်ဦးကတော့ မနက်ဖြန်ဆွေးနွေးပွဲဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်ရရှိမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

မနက်ဖြန်ဆွေးနွေးပွဲမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ကြမှာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

ကိုးကား – Bangkok Post၊ Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို