Connect with us

Hi, what are you looking for?

သတင်း

တားမြစ်ဓာတုပစ္စည်းများ အသုံးပြုသည့် အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာသဘောတူစာချုပ်ချိုးဖောက်မှုဖြင့် အရေးယူနိုင်ရန် လုပ်ဆောင်မည်ဟု NUG ပြော

KNDF ဥက္ကဋ္ဌ၊ IEC ဒုဥက္ကဋ္ဌ ခွန်းဘီထူးကလည်း စစ်ကောင်စီ၏ လူမဆန်သတ်ဖြတ်မှုများ၊ ဗုံးကြဲမှုများ၊ ဓာတုအဆိပ်အသုံးပြုတိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး ဆက်လက်ခုခံတော်လှန်သွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

(ဒီဇင်ဘာ ၂၀ရက် NUG၊ IEC ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ပြောကြားနေသော လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် IEC ဒုဥက္ကဋ္ဌခွန်းဘီထူး)
(ဒီဇင်ဘာ ၂၀ရက် NUG၊ IEC ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ပြောကြားနေသော လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် IEC ဒုဥက္ကဋ္ဌခွန်းဘီထူး)

▪️စစ်ကောင်စီကို ဆက်လက်ခုခံတော်လှန်သွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း KNDF ဥက္ကဋ္ဌပြော

အီယိုရီ/People’s Spring

တားမြစ်ဓာတုပစ္စည်းများ အသုံးပြုသည့် အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာသဘောတူစာချုပ်ချိုးဖောက်မှုဖြင့် အရေးယူနိုင်ရန် လုပ်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်ကဓာတုပစ္စည်းများအသုံးပြုခဲ့မှုနှင့်ပတ်သက်၍ NUG နှင့် IEC(ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ)တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ယနေ့(ဒီဇင်ဘာ ၂၀ရက်)ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဦးအောင်မျိုးမင်းက ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

(ဒီဇင်ဘာ ၂၀ရက် NUG၊ IEC ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ပြောကြားနေသော လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် IEC ဒုဥက္ကဋ္ဌခွန်းဘီထူး)
(ဒီဇင်ဘာ ၂၀ရက် NUG၊ IEC ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ပြောကြားနေသော လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် IEC ဒုဥက္ကဋ္ဌခွန်းဘီထူး)

“ဒီလိုမျိုးတားမြစ်ထားတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုတဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာသဘောတူစာချုပ်ချိုးဖောက်မှုနဲ့ အရေးယူနိုင်ဖို့အတွက် ဝိုင်းဝန်းပါဝင်ပြီး လုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်တဲ့ရည်ရွယ်ချက်ပါရှိပါတယ်။ နိုင်ငံတကာစာချုပ်ဖြစ်တဲ့ CWC(Chemical Weapons Convention)ကို ချိုးဖောက်မှုနဲ့ NUG အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ့်အချက်ဖြစ်ပါတယ်”ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဒီဇင်ဘာ ၇ရက်၊ ၈ရက်များတွင် စစ်ကောင်စီတပ်က မိုးဗြဲနှင့်အနီးဝန်းကျင်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အက်စ်ဖော့စ် ၅၆၀ တံဆိပ်ပါ အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့ရာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ရဲဘော်အချို့ မူးဝေခြင်းများ ခံစားခဲ့ရကြောင်း KNDF အမှတ်(၁)ဗျူဟာမှူး ခွန်းထက်စိုးက ပြောသည်။

မြေပြင်ရဲဘော်များ၏ ပြောကြားချက်အရ ဒီဇင်ဘာ ဒုတိယအပတ်အထိ အဆိပ်ငွေ့အနံ့များကို ရှုရှိုက်မိနေသေးကြောင်းသိရပြီး စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၈ရက်ညပိုင်းအထိ ဓာတုအဆိပ်ငွေ့များကို ဆက်လက်အသုံးပြုကာ ဒရုန်းကြဲချတိုက်ခိုက်လျက်ရှိကြောင်း မြေပြင်စစ်ဆင်ရေးတာဝန်ခံလည်းဖြစ်သူ ခွန်းထက်စိုးက ယနေ့သတင်းစာရှင်းလင်းပွဲ၌ ဆက်ပြောသည်။

နိုင်ငံတကာတွင် ဓာတုလက်နက်အသုံးပြုခြင်းနှင့်ပတ်သက်၍ အရေးယူနိုင်ရန် Chemical Weapons Convention(CWC)ကို ပြဌာန်းထားပြီး မြန််မာနိုင်ငံကလည်း ၂၀၁၅ခုနှစ်တွင် အဆိုပါစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးထားကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“မြန်မာနိုင်ငံက ဒီစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အတွက် အခုလိုမျိုးအသုံးပြုမှုတွေကို ခိုင်ခိုင်မာမာ စုံစမ်းစစ်ဆေးပြီးတော့ သက်သေခံအထောက်အထားတွေနဲ့အတူ ဒီစာချုပ်ကို စောင့်ကြည့်နေတဲ့ ဓာတုလက်နက်အသုံးပြုခြင်းတားဆီးမှုအဖွဲ့(Organization for the prohibition of Chemical Weapons)ဆိုတဲ့ အဖွဲ့က ဒါတွေကို စုံစမ်းစစ်ဆေးပြီးတော့ အသုံးပြုမှုကို ဖော်ထုတ်ဖို့၊ အသုံးပြုတဲ့စစ်တပ် အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ဖို့အတွက် မဖြစ်မနေ ဆက်လက်လုပ်ဆောင်ရမယ့်အရာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး ဝန်ကြီးဦးအောင်မျိုးမင်းက “ရာဇဝတ်မှုတွေကို ကျူးလွန်ရာမှာ ပထမတစ်ခုက ဓာတုပစ္စည်းအသုံးပြုတဲ့အတွက် သဘောတူစာချုပ်ကို ချိုးဖောက်တာမကဘဲနဲ့ အခုလိုစစ်ပွဲတွေမှာ လူမဆန်စွာနဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေအသုံးပြုခြင်းက နောက်ထပ်စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကျူးလွန်တာ နှစ်ထပ်ကွမ်းရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်ဆိုတာလည်း မေ့လျော့လို့မရပါဘူး။ ဖျောက်ဖျက်ပစ်လို့ မရပါဘူး” ဟု ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားခံထားရပြီး ထပ်မံ၍လည်း ICC အပါအဝင် နိုင်ငံအလိုက်အရေးယူနိုင်သော Universal Jurisdiction ကိစ္စရပ်များတွင်လည်း ယခုဓာတုပစ္စည်းများအသုံးပြုတိုက်ခိုက်သည့်အချက်ကို သက်သေခိုင်မာအောင် လုပ်ဆောင်ကာ တရားစွဲဆိုမှုများ ဆက်လက်ဖြစ်ပွားအောင် လုပ်ဆောင်သွားမည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးက ပြောသည်။

“အကြမ်းဖက်စစ်တပ်က ဒီဖြစ်ရပ်က ကျူးလွန်တာ ဖြစ်ရပ်တစ်ခုဖြစ်ကောင်းဖြစ်ပေမယ့် ရာဇဝတ်မှုကို နှစ်ထပ်ကွမ်းကျူးလွန်တဲ့အချက်ဖြစ်ပါတယ်။ ရာဇဝတ်မှု နှစ်ထပ်ကွမ်းဖြစ်တဲ့အတွက် တာဝန်ရှိမှုက နှစ်ထပ်ကွမ်းယူရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

KNDF ဥက္ကဋ္ဌ၊ IEC ဒုဥက္ကဋ္ဌ ခွန်းဘီထူးကလည်း စစ်ကောင်စီ၏ လူမဆန်သတ်ဖြတ်မှုများ၊ ဗုံးကြဲမှုများ၊ ဓာတုအဆိပ်အသုံးပြုတိုက်ခိုက်မှုများကို အတတ်နိုင်ဆုံး ဆက်လက်ခုခံတော်လှန်သွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

“ဒီလိုသတ်ဖြတ်မှုတွေကို သိလျက်သားနဲ့ စစ်ကောင်စီကို အဖက်လုပ်ပြီးမှ ဖိတ်ခေါ်နေတဲ့ ကာကွယ်ပြောဆိုနေတဲ့ တချို့သောအသိုင်းအဝိုင်းတွေကိုလည်း သတင်းစကားပါးချင်တယ်။ ဒီလို သတ်ဖြတ်မှုတွေက ဆိုးရွားတဲ့အာဏာရှင်တွေပဲ လုပ်လေ့ရှိတဲ့ ကိစ္စမျိုးမှာ အခုလိုမျိုး ကျွန်တော်တို့ ပြည်နယ်မှာ ဆက်လက်ဖြစ်ပေါ်နေတယ်။ ဒီကြားထဲက စစ်ကောင်စီကို အားပေးအားမြှောက်လုပ်ပြီးမှ ကာကွယ်ပြောဆိုနေတာတွေ အခွင့်အရေးပေးနေတာကို ရပ်တန့်လိုက်ပြီးမှ စစ်ကောင်စီကို ဒီထက်ပိုပြင်းထန်တဲ့ ဖိအားပေးမှုတွေ လုပ်ဆောင်ကြဖို့ ကျွန်တော်အနေနဲ့ တိုက်တွန်းချင်တယ်”ဟု ခွန်းဘီထူးက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook