Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်မှူးအပါအဝင်တပ်နှင့် ရဲ ၃၃ဦး နိုဝင်ဘာအတွင်း ပြည်သူ့ဘက်ရပ်တည်လာဟု NUG ကာကွယ်ရေး အသိပေး

နိုဝင်ဘာအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၀)လက်ရှိပြီး ခဲယမ်း မီးကျောက်များ လည်း ပါဝင်ကြောင်း အသိပေးသည်။

(ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက အလင်းဝင်လာသော တပ်ကြပ်ကြီးတစ်ဦးအား စီစစ်မြေးမြန်းနေစဉ်။ ဓာတ်ပုံ - ရန်ကုန်တိုင်းစစ်ဌာန)
(ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက အလင်းဝင်လာသော တပ်ကြပ်ကြီးတစ်ဦးအား စီစစ်မြေးမြန်းနေစဉ်။ ဓာတ်ပုံ - ရန်ကုန်တိုင်းစစ်ဌာန)

ထားမြတ်/People’s Spring

စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်သားနှင့် ရဲ ၃၃ဦးသည် စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဒီဇင်ဘာ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDFတပ်ရင်းများ၊ပကဖများသို့ ဆက်သွယ်ကာ ပြည်သူ့ဘက် ကူးပြောင်းလာမှုများ ရှိရာ နိုဝင်ဘာလအတွင်း အခြေအနေကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၃၃ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်းရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၀)လက်ရှိပြီး ခဲယမ်း မီးကျောက်များ လည်း ပါဝင်ကြောင်း အသိပေးသည်။

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီကို အသက်စွန့်ကာကွယ်နေပြီး ပြည်သူကိုရန်သူအဖြစ် သတ်မှတ်နေမည်ဆိုပါက လွတ်လမ်းနည်းမည်ဖြစ်ကြောင်း ပြောကြားသည်။

“စကစကို ကာကွယ်နေသမျှ ကာလပတ်လုံး ပြည်သူ့ ရန်သူဖြစ်နေမယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသမှာ ရှိတဲ့ အချိန်မှာ ပြည်သူ့ ရန်သူအဖြစ် ရပ်တည်မယ်ဆိုရင် လွတ်လမ်းအရမ်းနည်းပါတယ်”ဟု ဆလိုင်းပီတာထန်းက ပြောသည်။

အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် လည်း ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီး လူငယ်များကို အဓ္ဓမ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ခပ်စိပ်စိပ် လုပ်ဆောင် လျက်ရှိရာ လူငယ်များအနေဖြင့် မတရားမှန်းသိလျက် စစ်ကောင်စီလက်အောက် ကျရောက်ခံခြင်းမပြုဘဲ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းကြရန် NUG ကာကွယ်ရေးအလယ်ပိုင်းတိုင်းစစ်ဒေသ တော်ဝင်လျှပ်စီးစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူကိုအီဗယ်က တိုက်တွန်းသည်။

စစ်ကောင်စီကို တိုက်ခိုက်လိုသော ရဲဘော်သစ်များ လက်ခံကြောင်း ယမန်နေ့တွင် ဖိတ်ခေါ်ရာ၌ ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“ရန်သူ့လက်ထဲကို ကျရောက်ခံပြီး တသက်လုံးနာမည်ပျက်ရမယ့် အခြေအနေကို ရွေးချယ်ကြမလား၊ ဒါမှမဟုတ် ပြည်သူ့ဘက်ကို မျက်နှာမူတဲ့ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေဆီမှာ ဝင်ရောက် တာဝန်ထမ်းဆောင်ကြမလားဆိုတာကို ရွေးရမယ့် အချိန်ကို ရောက်လာပြီဖြစ်ပါတယ်။” ဟု တော်ဝင်လျှပ်စီးစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။

တော်လှန်ရေး အရှိန်ရလာသည်နှင့်အမျှ ကြားနေဆိုသည်မှ မရှိတော့ကြောင်း၊ တော်လှန်ရေးကို ကိုယ်နှင့် မသက်ဆိုင်သကဲ့သို့နေလို့ မရလောက်အောင် စစ်ကောင်စီက ပြည်သူလူထုများ၏ အိမ်တံခါး၀ကိုခေါက်နေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

” ဘယ်ဘက်ကိုရွေးချယ်ကြမလဲဆိုတာကို ဆုံးဖြတ်ရတော့မယ့် အချိန်ကို ရောက်ပြီလို့ပဲ ပြည်သူများအား ပြောကြားလိုပါတယ်”ဟု ရဲဘော် အီဗယ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။