Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်ကို အတူလက်တွဲတိုက်ထုတ် ရန်လိုအပ်ဟု NUGကာကွယ်ရေး ၀တပ်ဖွဲ့ထံ သဝဏ်လွှာပို့

ဒီဇင်ဘာ ၂၀ရက်တွင်ကျရောက်သည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၆)နှစ်ပြည်သို့ ပေးပို့သည့် သဝဏ်လွှာကို ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၂၁ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၆)နှစ်ပြည့်အခမ်းအနားပြုလုပ်ရာ ပြင်ဆင်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Nyi Rang/FB)
(ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၆)နှစ်ပြည့်အခမ်းအနားပြုလုပ်ရာ ပြင်ဆင်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Nyi Rang/FB)

ဟန်နွေ/People’s Spring

တနိုင်ငံလုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့်သားများအတူလက်တွဲ အမြစ်ပြတ် တိုက်ထုတ်ရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်း UWSP ဝတပ်ဖွဲ့ထံ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့သည်။

ဒီဇင်ဘာ ၂၀ရက်တွင်ကျရောက်သည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၆)နှစ်ပြည်သို့ ပေးပို့သည့် သဝဏ်လွှာကို ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၂၁ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ နှင့်ဝလူမျိုး တို့လည်း ခက်ခဲကြမ်းတမ်းသည့် အတိတ် သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ရသကဲ့သို့ ယနေ့ကာလတွင် မြန်မာနိုင်ငံ၏တခြားသောနေရာဒေသများ၌ လူမျိုးစု အသီးသီးသည် စစ်အာဏာရှင်စနစ်၏ အကြမ်းဖက်ဖိနှိပ်မှုများကို ရင်ဆိုင်နေရကြောင်း သဝဏ်လွှာ၌ ဖော်ပြကာ စစ်အာဏာရှင်ကို အတူ လက်တွဲ တိုက်ထုတ်ရန် လိုအပ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း NUGအနေဖြင့် UWSP/UWSA ၏ နေ့ထူးနေ့မြတ်တို့အား သဝဏ်လွှာပေးပို့ရာတွင်လည်း ယခုကဲ့သို့ စစ်အာဏာရှင်ကို တိုက်ထုတ်ရန် တိုက်တွန်းထားသည်။ UWSA အနေဖြင့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုရှိသည့်အဖွဲ့ဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲဆောင်ရွက်မှုရှိ၊ မရှိကိုလည်း အသိပေးထုတ်ပြန်ပြောဆိုမှုမရှိပေ။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာစေရေး၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ဝလူမျိုးတို့ နှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်သွားမည် ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ထို့ပြင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီသည် အခက်အခဲ၊ စိန်ခေါ်မှုများစွာကို နှစ်ပေါင်းများစွာ ကျော်ဖြတ် ခဲ့ရပြီး ယနေ့ခေတ်တွင် အောင်မြင်မှုအသီးအပွင့်များ ရရှိလျက်ရှိကာ ပြည်ထောင်စုတွင်းရှိ ကျန်လူမျိုးများ အားကျရသည့် စံပြပြည်နယ်တစ်ခု လက်တွေ့ထူထောင်နိုင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook