Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ်ကို အတူလက်တွဲတိုက်ထုတ် ရန်လိုအပ်ဟု NUGကာကွယ်ရေး ၀တပ်ဖွဲ့ထံ သဝဏ်လွှာပို့

ဒီဇင်ဘာ ၂၀ရက်တွင်ကျရောက်သည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၆)နှစ်ပြည်သို့ ပေးပို့သည့် သဝဏ်လွှာကို ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၂၁ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၆)နှစ်ပြည့်အခမ်းအနားပြုလုပ်ရာ ပြင်ဆင်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Nyi Rang/FB)
(ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၆)နှစ်ပြည့်အခမ်းအနားပြုလုပ်ရာ ပြင်ဆင်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Nyi Rang/FB)

ဟန်နွေ/People’s Spring

တနိုင်ငံလုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့်သားများအတူလက်တွဲ အမြစ်ပြတ် တိုက်ထုတ်ရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်း UWSP ဝတပ်ဖွဲ့ထံ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့သည်။

ဒီဇင်ဘာ ၂၀ရက်တွင်ကျရောက်သည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တည်ထောင်ခြင်း (၃၆)နှစ်ပြည်သို့ ပေးပို့သည့် သဝဏ်လွှာကို ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ (ဒီဇင်ဘာ ၂၁ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ နှင့်ဝလူမျိုး တို့လည်း ခက်ခဲကြမ်းတမ်းသည့် အတိတ် သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ရသကဲ့သို့ ယနေ့ကာလတွင် မြန်မာနိုင်ငံ၏တခြားသောနေရာဒေသများ၌ လူမျိုးစု အသီးသီးသည် စစ်အာဏာရှင်စနစ်၏ အကြမ်းဖက်ဖိနှိပ်မှုများကို ရင်ဆိုင်နေရကြောင်း သဝဏ်လွှာ၌ ဖော်ပြကာ စစ်အာဏာရှင်ကို အတူ လက်တွဲ တိုက်ထုတ်ရန် လိုအပ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း NUGအနေဖြင့် UWSP/UWSA ၏ နေ့ထူးနေ့မြတ်တို့အား သဝဏ်လွှာပေးပို့ရာတွင်လည်း ယခုကဲ့သို့ စစ်အာဏာရှင်ကို တိုက်ထုတ်ရန် တိုက်တွန်းထားသည်။ UWSA အနေဖြင့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုရှိသည့်အဖွဲ့ဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲဆောင်ရွက်မှုရှိ၊ မရှိကိုလည်း အသိပေးထုတ်ပြန်ပြောဆိုမှုမရှိပေ။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာစေရေး၊ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ဝလူမျိုးတို့ နှင့်အတူ လက်တွဲကြိုးပမ်းအားထုတ်သွားမည် ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ထို့ပြင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီသည် အခက်အခဲ၊ စိန်ခေါ်မှုများစွာကို နှစ်ပေါင်းများစွာ ကျော်ဖြတ် ခဲ့ရပြီး ယနေ့ခေတ်တွင် အောင်မြင်မှုအသီးအပွင့်များ ရရှိလျက်ရှိကာ ပြည်ထောင်စုတွင်းရှိ ကျန်လူမျိုးများ အားကျရသည့် စံပြပြည်နယ်တစ်ခု လက်တွေ့ထူထောင်နိုင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နှစ် ပါတ်တကြိမ်ပြုလုပ်လျက်ရှိသော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို တရုတ်၊ ဂျပန်၊ ထိုင်း နှင့် အိန္ဒိယဘာသာစကား ၄ မျိုးဖြင့်ပါ စမ်းသပ်ထုတ်လွှင့်​နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

စစ်ရေးပူးတွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာမည်ဟု ဆို

သတင်း

နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး ထိုင်းနှင့် တရုတ်အပါအဝင် အိမ်နီးချင်း ၅နိုင်ငံနှင့် အချက်အလက်မျှဝေလိုဟု တောင်းဆို

သတင်း

ချင်းပြည်(Chinland)အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးရုံ၊ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူနေသည်ဟု ထုတ်ပြန်သည်။