Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့ တိုင်းရင်းသားကောလိပ်အနီး တိုက်ပွဲဖြစ်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၂ ဦး သေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးသည်။

(GZP Mandalay ၏ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - GZP)
(GZP Mandalay ၏ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - GZP)

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (တိုင်းရင်းသားကောလိပ်)အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၃ရက် နံနက် ၁၁နာရီခွဲခန့်က စစ်ကိုင်းမြို့၊ အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်မှထွက်လာသော စစ်ကောင်စီယာဥ်တန်းကို ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရေမျက်လမ်း​ဆုံ၌ စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Generation Z Power – GZP ( Mandalay)၏ တာဝန်ရှိသူက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် မိုင်းရှင်းရန် အိမ်စီးကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ရာမှ ၂ နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ကားတွေပေါ်မှာ သေဆုံးတာတွေရှိတယ်။ ပြည်သူတွေရဲ့သတင်းပေးပို့မှုတွေကနေတဆင့်လမ်းပေါ်မှာ သေဆုံးတာတွေ မျက်မြင်တွေ့ခဲ့ရတာတွေ ရှိတယ်။ ခုချိန်ထိ ကျဆုံးရဲဘော်ရဲ့ခန္ဓာကိုငါးစာအနေနဲ့ထားထားပြီး ကင်းပုန်းဝပ်နေတာရှိတယ်။”ဟု GZP ( Mandalay)၏ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၂ ဦး သေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးသည်။

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“တိုက်ပွဲဖြစ်ပြီး မုံရွာ-မန္တလေးလမ်းတလျှောက် ကင်းပုန်းတွေချတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား Generation Z Power – GZP ( Mandalay)ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး)၊ Taw Twin Tup Pi LDF၊ BRA LDF၊ Phoenix Sgg၊ မှောင်မဲအဖွဲ့၊ စစ်ကိုင်းပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့တွင် ယခုဒီဇင်ဘာအတွင်း တော်လှန်ရေးအဖွဲ့များက စစ်ဆင်ရေးများ ခပ်စိတ်စိတ်ဖော်ဆောင်နေရာ ဒီဇင်ဘာ ၂၀ ရက်ကပင် စစ်ကိုင်း-မင်းကွန်းကားလမ်းတွင် ပျူစောထီးခေါင်းဆောင်၏ ကားအား အခြားတော်လှန်ရေးအဖွဲ့များက ပစ်ခတ်ခဲ့ရာ ကားပေါ်ပါ ပျူစောထီးအချို့ ထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း