Connect with us

Hi, what are you looking for?

သတင်း

တောင်သာမှာ စစ်တပ်စစ်​ကြောင်းထိုးစဥ်ထိပ်တိုက်တိုး​သော PDF တဦးအသတ်ခံရ

တောင်သာမြို့နယ်ထဲက စွပ်ကျယ်စက်ရုံကိုနန်းမြင့်တောင်အနီးကနန်းမြင့်ရွာကို ဒေသခံလမ်းပြတွေနဲ့အတူမနက်၅နာရီလောက်ကစစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။

(မြင်းခြံခရိုင် တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင်အချို့)
(မြင်းခြံခရိုင် တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင်အချို့)

■စစ်​ကြောင်းကို PDF ​တွေလိုက်တိုက်စဥ် စစ်သား ၂ ဦး​သေဟုဆို

ရှိန်း၊​ဇေ​အောင်

တောင်သာမြို့နယ်၊ နန်းမြင့်ရွာကို စစ်တပ်ကစစ်ကြောင်းထိုးပြီးတော်လှန်ရေးရဲဘော်တဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်​တွေဆီကသိရပါတယ်။

ဒီနေ့ (ဒီဇင်ဘာ ၂၇) မနက်အစောပိုင်းကမြင်းခြံခရိုင်တပ်ရင်း (၃) ၊တပ်ခွဲ(၂)က ရဲဘော်ထိုက်ကြီးဟာ ပြည်သူတဦးကမြေဖြူကုန်းရွာကိုလိုက်ပို့ဖို့အကူအညီတောင်းတာကြောင့် လိုက်ပို့စဥ်နန်းမြင့်ရွာထဲမှာ စစ်ကြောင်းနဲ့တွေ့ပြီးဖမ်းဆီးခံလိုက်ရတာလို့သိရပါတယ်။

တောင်သာမြို့နယ်ထဲက စွပ်ကျယ်စက်ရုံကိုနန်းမြင့်တောင်အနီးကနန်းမြင့်ရွာကို ဒေသခံလမ်းပြတွေနဲ့အတူမနက်၅နာရီလောက်ကစစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် ၅ နာရီခွဲဝန်းကျင် မှာတောင်သာမြို့ပေါ်က​နေ ဖောကားတစီး၊လူနာတင်ယာဥ် ၂စီးစီးလာတဲ့အင်အား တစ်ရာခန့်ပါ စစ်ကောင်စီတပ်နဲ့ ပျူ​​စောထီး​တွေက နန်းမြင့်ရွာကို စစ်​ကြောင်းထိုးဝင်ခဲ့ပါတယ် ။စစ်​ကြောင်းထိုး စဥ် ရဲ​ဘော်ထိုက်ကြီးကိုဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာလို့ ကာကွယ်ရေးရဲဘော်အချို့က ပြောပါတယ်။

“တောင်သာစစ်ကြောင်းက ဝင်စီးလိုက်တဲ့အနေအထားမှာ ခံလိုက်ရတာ။ တပ်ရင်း ၃၊ တပ်ခွဲ ၂က ရဲဘော်ထိုက်ကြီးကျသွားတာ။ ဖမ်းခေါ်သွားပြီး လမ်းမှာသတ်လိုက်တာ။”လို့ တောင်သာအခြေစိုက် PDFတစ်ဦးက ပြောပါတယ်။

ရဲဘော်ထိုက်ကြီးဖမ်းဆီးခံလိုက်ရတာကြောင့် နန်းမြင့်ရွာမှ တောင်သာမြို့ကို စစ်အုပ်စုစစ်ကြောင်းပြန်ထွက်ချိန်မှာ မြင်းခြံခရိုင်တပ်ရင်း(၃)ကကြားဖြတ်တိုက်ခိုက်ခဲ့တာမို့ စစ်သား၂ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ် ။ ရဲဘော်ထိုက်ကြီးကို တိုက်ပွဲဖြစ်ပွားရာ မြေဖြူကုန်းရွာရဲ့အနောက်ဖက်မှာ ပစ်သတ်ထားခဲ့တာလို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာ ရဲဘော်ထိုက်ကြီးနဲ့အတူ စစ်တပ်၏ ဖမ်းဆီးခြင်းခံရတဲ့အမျိုးသားတစ်ဦးက​တော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့PDF တဦးက ပြောပါတယ်။

တောင်သာမြို့နယ်မှာ ဒီဇင်ဘာလအတွင်းစစ်တပ်နဲ့ပျူတွေ စစ်ကြောင်းထိုးတာ၊စစ်ရေးလှုပ်ရှားတာတွေပြန်လည်ပြုလုပ်လာသလို လေကြောင်းကနေလည်း ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။