Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့နယ်တွင် တိုက်ပွဲဖြစ်

ပုဇွန်းမြောင်းကျေးရွာရှိ ပြည်သူပိုင်အိုးအိမ်များထိခိုက်ပျက်စီးမှုနှင့် ထိတွေ့တိုက်ပွဲအခြေအနေများကိုမူ အမှတ်(၂)စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

(ဖြူးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)
(ဖြူးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)

▪️စစ်တပ်ပစ်သည့် လက်နက်ကြီးထိ၍ ပြည်သူနှစ်ဦး သေဆုံး

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက အသိပေးထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၆ ရက်က ဖြူးမြို့နယ်၊ မျက်နီးကွင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား အမှတ် (၂)စစ်ဒေသခွဲအောက်ရှိ PDF တပ်ရင်း (၃၅၀၂)မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

(ဖြူးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)
(ဖြူးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – အမှတ်(၂) စစ်ဒေသခွဲ)

တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီ လက် အောက်ခံ ဇရပ်ကြီးမြို့အခြေစိုက် ခလရ(၇၃)မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထန်းကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထန်းကုန်းရွာမှ အရပ်သားပြည်သူ နှစ်ဦး နေရာတွင်သေဆုံးခဲ့ပြီး (၆)နှစ်အရွယ် ကလေးတစ်ဦးမှာလည်း ဦးခေါင်း၌ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲက အသိပေးသည်။

ထိတွေ့တိုက်ပွဲအခြေအနေအပြည့်အစုံအား သိရှိနိုင်ရန် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲသို့ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။

တိုက်ပွဲဖြစ်ပွားခဲ့သော မျက်နီကွင်းကျေးရွာအပါအဝင် သရက်ကုန်း၊ ကံကလေး၊ နှောခင် စသည့်ကျေးရွာများသို့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၇ ရက်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ နေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်ဟု အမှတ်(၂)စစ်ဒေသခွဲက ဖော်ပြသည်။

(ဖြူးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)
(ဖြူးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – အမှတ်(၂) စစ်ဒေသခွဲ)

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်းမြို့နယ်ရှိ ပုဇွန်မြောင်းကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဒီဇင်ဘာလ ၂၆ ရက်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူပိုင် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံ စစ်ရေးသတင်းရင်း မြစ်များထံမှ စုံစမ်းသိရသည်။

“ဖြစ်စဥ်မှန်ပါတယ် ခင်ဗျ။ အဲဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကျနော်တို့နဲ့ ထိတွေ့တိုက် ပွဲတွေလည်း ဖြစ်နေပါတယ်ဗျ”ဟု အမှတ်(၂) စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပုဇွန်းမြောင်းကျေးရွာရှိ ပြည်သူပိုင်အိုးအိမ်များထိခိုက်ပျက်စီးမှုနှင့် ထိတွေ့တိုက်ပွဲအခြေအနေများကိုမူ အမှတ်(၂)စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အထက်ပါ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှ ဒေသခံပြည်သူအများစုမှာ စစ်ကောင်စီတပ်များ ကျေးရွာအတွင်းမကြာ ခဏ ဝင်ရောက်တတ်သောကြောင့် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရရသည်မှာ တစ်နှစ်ဝန်းကျင်ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။