Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နယ်မြေ မိတ္ထီလာမြို့တွင် သားအမိနှစ်ဦးနေအိမ်အတွင်း သတ်ဖြတ်ခံရ

သတ်ဖြတ်သူများအား ရပ်ကွက်နေပြည်သူများက ဝိုင်းဖမ်းခဲ့၍ ဖမ်းဆီးရမိထားပြီး နေပြည်တော်၊ တပ်ကုန်းမြို့နှင့် တောင်သာမြို့နယ်၊ ဝဲလောင်ရွာတို့၌ နေထိုင်သူများဖြစ်ကြောင်း သိရသည်။

(သားအမိနှစ်ဦးအား သတ်ဖြတ်၍ ဖမ်းဆီးရမိထားသော အမျိုးသား သုံးဦးအား တွေ့ရစဥ်။ဓာတ်ပုံ-စကစ)
(သားအမိနှစ်ဦးအား သတ်ဖြတ်၍ ဖမ်းဆီးရမိထားသော အမျိုးသား သုံးဦးအား တွေ့ရစဥ်။ဓာတ်ပုံ-စကစ)

▪️ကျူးလွန်သူသုံးဦးမှာ တပ်ကုန်းနှင့် တောင်သာဇာတိဖြစ်ပြီး ရပ်ကွက်ကဝိုင်းဖမ်း

ဇေအောင်/People’s Spring

စစ်တပ်စိုးမိုးရာ​ မိတ္ထီလာမြို့ပေါ်တွင် သားအမိနှစ်ဦးတည်းနေထိုင်သည့်နေအိမ် အမျိုးသားသုံးဦးရောက်လာပြီး သတ်ဖြတ်သည့်ဖြစ်စဉ် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ၂၉ရက်) ညနေပိုင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက် ၊ နယ်မြေ(၈)နေ သားအမိနှစ်ဦးနေထိုင်သည့် နေအိမ်သို့ အမျိုးသား သုံးဦး ရောက်လာပြီး ဓါးဖြင့်ထိုး၊ လည်လှီးသတ်ဖြတ် သွားကြောင်း မြို့ခံအချို့က ပြောသည်။

သေဆုံးသူများမှာ အသက်(၅၀)ခန့်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏သမီးဖြစ်သူအသက်( ၁၉)နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“ဓာတ်မြေသြဇာရောင်းတဲ့သားအမိလို့ပြောတယ်။ သားအမိနှစ်ယောက်တည်းနေတာ။ သူတို့အိမ်ကချောင်ကျတယ်။”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် သတ်ဖြတ်သူများအား ရပ်ကွက်နေပြည်သူများက ဝိုင်းဖမ်းခဲ့၍ ဖမ်းဆီးရမိထားပြီး နေပြည်တော်၊ တပ်ကုန်းမြို့နှင့် တောင်သာမြို့နယ်၊ ဝဲလောင်ရွာတို့၌ နေထိုင်သူများဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်ခဲ့သည့်အကြောင်းရင်းကိုမူ မသိရသေးပေ။

ဒီဇင်ဘာ ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် တွင် အသက်မပြည့်သေးသူနှင့် မိန်းကလေးနှစ် ဦးပါဝင်သည့် လူငယ်ခြောက်ဦးက အမျိုးသမီးတစ်ဦးအားသတ်ကာ ကားလုယက်မှုဖြစ်ပွားခဲ့သေးသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဓားပြတိုက်လူသတ်မှု၊ ပြန်ပေးဆွဲမှုများ ခပ်စိတ်စိတ်ဖြစ်ပွားခဲ့ရာ ယခုရက်ပိုင်းအတွင်း၌ ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့ကြီးများတွင်ပါ လူသတ်၊ ဓါးပြတိုက်မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့