Connect with us

Hi, what are you looking for?

News

ပုလောတိုက်ပွဲတွင် PDF အဖွဲ့က လက်နက်ခဲယမ်းများ သိမ်းဆိမ်းရမိပြီး ပျူစောထီးသုံးဦးကိုဖမ်းမိ

စစ်ကောင်စီတပ်များ အင်အားတိုးချဲ့လာခြင်းကြောင့် ပုလောမြို့နယ်တွင် အောက်တိုဘာ ၂၁ရက်ကစ၍ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ဒေသခံကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီးသုံးဦးအပါအဝင် သေနတ်အချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်(ပုလောPDF)က ထုတ်ပြန်သည်။

ပုလောမြို့နယ် မိကျောင်းသိုက်ကျေးရွာတွင်အောက်တို ဘာ ၂၁ရက်မှ အောက်တိုဘာ ၂၄ရက်ထိ ဖြစ်ခဲ့ပွားခဲ့သည့် တိုက်ပွဲများအတွင်း မောင်းပြန်သေနတ်(၈)လက်အပါအဝင် ကျည်ဆံများ၊ ငွေကြေးများကို စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် ပုလောအခြေစိုက်ပျူစောထီး(၃)ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ပုလောPDFက ပြောသည်။

စစ်ကောင်စီတပ်များ အင်အားတိုးချဲ့လာခြင်းကြောင့် ပုလောမြို့နယ်တွင် အောက်တိုဘာ ၂၁ရက်ကစ၍ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီကမူ ပုလောမြို့နယ်အတွင်းရှိကျေးရွာအချို့ကို ဖျက်ဆီးမှုများ ရှိနေကြောင်း ပုလော PDF၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။