Connect with us

Hi, what are you looking for?

သတင်း

အောင်ဇေယျစစ်ကြောင်း​မှ အလင်းဝင်ခိုလှုံလာသူများအား ကြိုဆိုပွဲပြုလုပ်

ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိကြောင်း ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ရှေ့တန်းအမှတ်(၅၅)တပ်မ၊ အောင်ဇေယျစစ်ဆင်ရေးမှ အလင်းဝင်လာသူများအား ကြိုဆိုပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - Saw Kaw/FB)
(ရှေ့တန်းအမှတ်(၅၅)တပ်မ၊ အောင်ဇေယျစစ်ဆင်ရေးမှ အလင်းဝင်လာသူများအား ကြိုဆိုပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - Saw Kaw/FB)

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​မှ လက်နက်နှင့်အတူအလင်းဝင်ခိုလှုံလာသူများအား ကြိုဆိုပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ကော်ဘရာ၊PDFနှင့် ပူးပေါင်းစစ်ကြောင်းများက ယနေ့(ဒီဇင်ဘာ ၃၁ရက်)တွင် ပြုလုပ်ခဲ့သည်။

စစ်ရှုံးစစ်ကောင်စီ၏ ‌ရှေ့တန်းအမှတ်(၅၅)တပ်မ အောင်ဇေယျစစ်ဆင်ရေးမှ KNLA၊PDFနှင့် ပူးပေါင်းစစ်ကြောင်းများထံသို့ လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ပြန်လည်ခိုလှုံလာသော စစ်ကောင်စီတပ်သားများ ကြိုဆိုဧည့်ခံပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ကရင်ပြည်နယ်တနေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိကြောင်း ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ဖမ်းမိတာရော၊ အလင်းဝင်တာရော အများကြီးပဲ။ ဖမ်းမိတာရော အလင်းဝင်တာရော အားလုံးပေါင်း ၃၀လောက်ရှိတယ်။ ဆုငွေချီးမြှင့်တာက ဖမ်းမိတဲ့သူက မုန့်ဖိုးအနေနဲ့ ကျပ်တစ်သိန်းပဲ ပေးတယ်။ လက်နက်ပါတဲ့သူကတော့ သိန်း ၃၀ပေးတယ်”ဟု ၎င်းက ပြောသည်။

ယခု ဒီဇင်ဘာလအတွင်းမှာပင် အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးအလင်းဝင်လာသူ ၂၀ဦးခန့်ရှိနေကြောင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးသို့ ပြီးခဲ့သည့်ရက်ပိုင်းက ပြောထားသည်။ အောင်ဇေယျစစ်ကြောင်းမှ ရှေ့တန်းမှစစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေ၍ အလင်းဝင်လာသူ အများအပြားရှိနေသည်ဟု စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောသည်။

ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​နှင့် KNLA၊PDFနှင့် ပူးပေါင်းစစ်ကြောင်းများ ယမန်နေ့ ဒီဇင်ဘာ၃၀ရက်က တိုက်ပွဲဖြစ်ပွားရာ အောင်ဇေယျစစ်ကြောင်း​ထိခိုက်မှုရှိပြီး လက်နက်များသိမ်းရခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ပွဲအခြေနေကောင်းပါတယ်။ ကျနော်တို့က သူတို့ပိတ်ဆို့ထားတော့။ မနေ့ကတိုက်ပွဲမှာ လက်နက် လေးငါးခြောက်လက်လောက်ရတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ယနေ့တွင်လည်း အောင်ဇေယျစစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ကော်ဘရာ၊ PDFနှင့် ပူးပေါင်းစစ်ကြောင်းများက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်း​၏ ရှေ့တန်းမှ စစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်သားလေးဦးထွက်ပြေးလာရာ အောင်ဇေယျစစ်ကြောင်းမှ ကျန်စစ်သားများက လိုက်လံပစ်ခတ်၍ တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးမှာ လွှတ်မြောက်လာခဲ့သည်။ ထို့အပြင် နောက်ထပ် စစ်သားငါးဦးလည်း လက်နက်များနှင့်အတူ ထွက်ပြေးအလင်းဝင်လာမှု ရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တိုက်ပွဲအတွင်းဒဏ်ရာရပြီးနောက် ဖမ်းမိသူများနှင့် ထွက်ပြေးလာသူများကိုလည်း ကောင်းမွန်စွာ ဆေးကုသမှုပေးနေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

အောင်ဇေယျစစ်ကြောင်းမှာ လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့ဖြတ်တောက်မှုခံနေရ၍ ရှေ့မတိုးနိုင်ဘဲ လက်နက်ကြီးများဖြင့်သာ နေ့စဉ်ပစ်ခတ်မှုသာပြုလုပ်နေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

တော်လှန်ရေးစစ်ကြောင်းပူးပေါင်းတပ်က ပိတ်ဆို့ဖြတ်တောက်ထားသော အောင်ဇေယျစစ်ကြောင်းအား စစ်ကူလာသည့်တပ်များကိုလည်း ထပ်မံဖြတ်တောက်တိုက်ခိုက်ရာ စစ်ကောင်စီ၏စစ်ကူတပ်များမှာ မကယ်ထုတ်နိုင်ဘဲ အသေအပျောက်အများအပြားဖြင့်သာ ကြုံနေရသည်ဟု ဆိုသည်။

တစ်လနီးပါးကြာအထိ စစ်ကောင်စီတပ်စစ်ကူများက ကယ်ထုတ်ရန်လုပ်ဆောင်ရာ မကယ်ထုတ်နိုင်ဘဲ လှန်ကျနေသည်ဟု စစ်ဆင်ရေးမှူးက ပြောသည်။

ပြီးခဲ့သည့်ဧပြီက KNLA)၊ကော်ဘရာ၊ PDFနှင့် ပူးပေါင်းစစ်ကြောင်းမျm;က မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁,၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ရှစ်လကျော်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။

အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။