Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေရှိ စစ်ကောင်စီ စခန်း ၂ခုကို KNU သိမ်းပိုက်

အနန်းကွင်းဗျူဟာသို့ စစ်ကူသွားသည့် စစ်ကောင်စီတပ်ကို KNU၊PDF ပူး​ပေါင်းတပ်ကတိုက်ခိုက်စစ်သားများ သေဆုံးထိခိုက်များပြီးလက်နက်ခဲယမ်းများရ

အနန့်ကွင်းဗျူဟာသို့သွား​သော စစ်တပ်စစ်​ကြောင်းကို KNU ၊PDF နှင့်ပူး​ပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ပြီး​နောက်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-​ပေးပို့

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေ ရှိ စစ်ကောင်စီ တပ်စခန်း ၂ခုကို KNU က ဇန်နဝါရီ လဆန်း၌ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မူသယ်ဒေသရှိ စစ်ကောင်စီ တပ်စခန်း ကုန်း ၂ခု အနက် တစ်ခုကို ဇန်နဝါရီ ၂ရက်တွင် သိမ်းခဲ့ပြီး ဇန်နဝါရီ ၃ရက်တွင် တပ်စခန်း တစ်ခု ထပ်မံ သိမ်းရခဲ့ဟု ဆိုသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်အချို့နှင့် ခဲယမ်းများ သိမ်းရခဲ့သည်ဟု အသိပေးသည်။

“ ၂ရက်နေ့က တစ်ကုန်းရတယ်။ ၃ရက်နေ့ ဒီနေ့ရတယ်။ သွားတိုက်တာ။ ထွက်ပြေးလွတ်မြောက်လည်းရှိတယ်။ လိုက်လံရှင်းလင်းတုန်း။ အသေးစိတ်တော့ မသိသေးဘူး။ ကိုယ့်လူဘက်က အသက်ဆုံး(ကျဆုံး) ရှိတယ်” ဟု ကရင်သတင်းစစ်​ရေးရင်းမြစ်တဦးက ဇန်နဝါရီ ၃ရက်တွင်​ပြော ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှု အခြေအနေအ​သေးစိပ်ကိုမသိရသေး​ပေ။

မူသယ်ဒေသ တိုက်ပွဲအခြေအနေကို KNU ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် ယခုနှစ်အတွင်း စစ်ရှိန်မြှင့်သွားမည်ဖြစ်ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အသိပေးထားသည်။

ထို့ပြင် KNU တပ်မဟာ(၆)နယ်မြေ မွန်ပြည်နယ် သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပိုင်းရှိ အနန်းကွင်း စစ်ကောင်စီဗျူဟာကို KNLA/PDF ပူးပေါင်းတပ်များက ကာလရှည်ကြာ ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်က စစ်ကူအင်အား ထပ်မံ ဖြည့်တင်းရန် ကြိုးပမ်းလျက်ရှိရာ ၂၀၂၃ ဒီဇင်ဘာလကုန်ပိုင်း၌ စစ်ကောင်စီတပ် အထိနာခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

အနန်းကွင်းဗျူဟာ ကို စစ်ကူသွားသည့် တပ်မ(၄၄) လက်အောက် ထုတ်နုတ်အင်အားများ နှင့် စကခ(၁၉)၊ ခမရ(၅၈၇) တို့မှ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်များက ဖြတ်တောက် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင် ဒေသစစ်ရေး သတင်းအချက်အလက်များ မျှဝေနေသည့် သတင်းရင်မြစ်က အသိပေးသည်။

“လွန်ခဲ့တဲ့ တပါတ်ကျော်လောက် ကနေ စပီး ၊ ရဲတံခွန် ဘက်ကနေ ထိုးဖောက်လှုပ်ရှားခဲ့ပီး ၊ အရပ်သားအချို့ဖမ်းဆီးခေါ်ဆောင်သွားကာ ၃၀ ရက်နေ့ နှင့် ၃၁ နေ့တွင် အနန်းကွင်းဗျူဟာ အနောက်ဘက်အရပ်ရှိ ၁မိုင်ခွဲဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများ မှ ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပီး ၊ တိုက်ပွဲပြင်းထန်ခဲ့သည် ။ လေကြောင်းပစ်ကူ နှင့် ဝဲကလီ မှ ၁၅၅ လက်နက်ကြီးပစ်ကူများပေးခဲ့သည် ။ အနန်းကွင်းဗျူဟာ မှ လည်း ၆၀ မမ နှင့် ၈၁ မမ ဖြင့် ပစ်ကူပေးခဲ့သည်” ဟု သတင်းရင်းမြစ်က အသိပေးသည်။

ထိတွေ့မှုတွင် စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးကာ စစ်ကြောင်းမှူး အရာရှိ အပါအဝင် ဒဏ်ရာရသူ ၆၀ ကျော်ရှိခဲ့သည်ဟုဆိုသည်။

တော်လှန်ရေး ပူးပေါင်းတပ်မှလည်း ထိခိုက်မှု အချို့ရှိခဲ့သည်ဟု အသိပေးသည်။ တိုက်ပွဲတွင်စစ်သားအ​လောင်းများကိုလည်း​တွေ့ရပြီး People’s Spring တယ်လီဂရန် ချန်နယ် https://t.me/PeopleSpring/65916?single တွင်ကြည့်ရှုနိုင်ပါသည်။

အဆိုပါ အနန်းကွင်းဗျူဟာ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဗျူဟာစခန်းသိမ်းတိုက်ပွဲဝင်နေသည့် တပ်မှူးအချို့ကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

အနန်းကွင်း ဗျူဟာကို ၂၀၂၄ ခုနှစ် ​နွေရာသီကတည်းက တော်လှန်ရေး ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ရာ စစ်ကောင်စီတပ်က မြေပြင်စစ်ကူ ပို့ရန် အခက်အခဲ ရှိနေပြီး ဗျူဟာစခန်း၌လည်း စားနပ်ရိက္ခာ ၊လက်နက်ခဲယမ်းပြတ်တောက်မှုများကို လေကြောင်းမှ ဖြည့်တင်း နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။