Connect with us

Hi, what are you looking for?

သတင်း

မံစီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ KIA ပူးပေါင်းတပ် လက်နက်ခဲယမ်းအများအပြား သိမ်းရ

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၈ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ရာ တိုက်ပွဲအတွင်း သိမ်းရခဲ့သည့် လက်နက်ခဲယမ်းများ မှတ်တမ်းရုပ်သံကို ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် စစ်ရေးသတင်းရင်းမြစ်အချို့က လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

မံစီတိုက်ပွဲအတွင်း သိမ်းရသော လက်နက်ခံယမ်းများ။

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၈ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ရာ တိုက်ပွဲအတွင်း သိမ်းရခဲ့သည့် လက်နက်ခဲယမ်းများ မှတ်တမ်းရုပ်သံကို ယနေ့(ဇန်နဝါရီ ၁၀ရက်)တွင် စစ်ရေးသတင်းရင်းမြစ်အချို့က လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

မံစီမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်များဖြစ်သော ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမြောက်တပ် (၃၅၂)တပ်ရင်းတို့ကို KIA၊ ABSDF၊ KPDF ပူးပေါင်းတပ်က ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ စစ်ဆင်ရေး တစ်လကျော်အကြာ တွင် တပ်ရင်းအားလုံး သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တပ်ရင်းများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့များထံမှ လက်နက်ကြီး လက်နက်ငယ်များစွာ သိမ်းရခဲ့ရာ ယနေ့တွင် သိမ်းရထားသည့် လက်နက်များစွာစုပုံထားသည့် ရုပ်သံ ထွက်ပေါ်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒါက မံစီက ရတဲ့ လက်နက်ခဲယမ်းတချို့ပါ။ အများကြီးရှိသေးတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAနှင့် ABSDFတို့ကလည်း မံစီမြို့သိမ်းပိုက်ရရှိမှု ကို သတင်းထုတ်ပြန်ဖော်ပြထားရာ လက်နက်ခဲယမ်းများစွာ ရရှိဟု အသိပေးထားသည်။

မံစီမြို့သိမ်းစစ်ဆင်ရေးကို KIAက ၂၀၂၄ မေလတွင် အသစ်ဖွဲ့စည်းခဲ့သည့် KIA တပ်မဟာ(၁၁)က ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KPDF၊ ABSDFတပ်ဖွဲ့များ ပူးပေါင်းပါဝင် ခဲ့သည်။ မံစီနှင့်အတူ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကိုပါ တပြိုင်တည်းဖော်ဆောင်လျက်ရှိရာ ဗန်းမော်တွင်လည်း စစ်ကောင်စီတပ်များ အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။