Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှ လူထုလှုပ်ရှားမှုများ

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်​အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (ဇန်နဝါရီ ၁၁)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်​အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (ဇန်နဝါရီ ၁၁)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ၊ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက “၂ဝ၂၅ နှစ်သစ်မှာစစ်အာဏာရှင်နိဂုံးချုပ်ဖို့ လူထုစွမ်းအားနဲ့ တိုက်ဖျက်စို့” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာလည်း ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ၊ လူငယ့်အားမာန် သပိတ်စစ်ကြောင်း ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁ မှ ရဲဘော်တွေ ပူးပေါင်းကာ တော်လှန်ရုပ်ရှင်ပြသခဲ့ပြီး လူထုအား နိုင်ငံရေးတရားတွေလည်း မျှဝေခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ပုလဲမြို့နယ်မှာ မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သော ရဲဘော်စိုင်းထက်ဦး (ခ)ဇိုးလေး ကျဆုံးခြင်း (၂) လပြည့် အထိမ်းအမှတ်အဖြစ် မိသားစုနဲ့အတူအလေးနီပြုဦးညွှတ်ကာ ဝေမြဲနှင်းဆီတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။