သုည/People’s Spring
စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (ဇန်နဝါရီ ၁၁)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ၊ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက “၂ဝ၂၅ နှစ်သစ်မှာစစ်အာဏာရှင်နိဂုံးချုပ်ဖို့ လူထုစွမ်းအားနဲ့ တိုက်ဖျက်စို့” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာလည်း ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ၊ လူငယ့်အားမာန် သပိတ်စစ်ကြောင်း ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁ မှ ရဲဘော်တွေ ပူးပေါင်းကာ တော်လှန်ရုပ်ရှင်ပြသခဲ့ပြီး လူထုအား နိုင်ငံရေးတရားတွေလည်း မျှဝေခဲ့ကြပါတယ်။
ဒါအပြင် ပုလဲမြို့နယ်မှာ မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သော ရဲဘော်စိုင်းထက်ဦး (ခ)ဇိုးလေး ကျဆုံးခြင်း (၂) လပြည့် အထိမ်းအမှတ်အဖြစ် မိသားစုနဲ့အတူအလေးနီပြုဦးညွှတ်ကာ ဝေမြဲနှင်းဆီတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်