Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၀ဦးထက်မနည်းသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်တူးလုပ်ကွက်နေရာအချို့ကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီ၁၃ ရက်)နံနက်၁၁နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၀ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ကချင်တောင်တန်း

ကဖေး၊ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်တူးလုပ်ကွက်နေရာအချို့ကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီ၁၃ ရက်)နံနက်၁၁နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၀ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဗုံးက ဆယ်လုံးလောက် နှစ်ကျော့ပတ်ကြဲတာ။ ရေမဆေးကျောက်ရှာသူတွေ၊ ဒေသခံတွေ သေဆုံးတယ်။ ကျနော့်မျက်မြင်တင် ရှစ်ဦးရှိပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇန်န၀ါရီ ၁၃ရက် နံနက် ၁၁နာရီ ၁၀မိနစ်တွင် ကျောက်စိမ်းတူး‌နေသည့် မဇွပ်ယာန်ကျေးရွာ၊ ၁၁နာရီ ၄၀မိနစ်ခန့်တွင် ဆန်ခါကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – ကချင်တောင်တန်း

သေဆုံးသူများတွင် အမျိုးသမီးအချို့နှင့်လမ်းသွားလမ်းလာများ၊ ကျောက်ရှာနေသော ရေမဆေးများပါဝင်သည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“ဒီမနက် ၁၁နာရီ ဝန်းကျင်လောက်မှာ ဖားကန့်ဒေသ မဇွပ်ယာန်ကျေးရွာမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေ သတင်းပေးပို့ထားတာရှိပါတယ်။ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်တော့ ဘာမှ ပြောကြားလာတာမရှိသေးပါဘူး။ အခု ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာက KIA ရဲ့ တပ်မဟာ(၉)နယ်မြေ “ဟု ကချင်သတင်းရင်းမြစ်က ပြောကြားသည်။

အခြား ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးကလည်း “ ဖားကန့် လုံးခင်းအုပ်စု ဆန်ခါရွာကို တံတားဦးမှ ဂျက်ဖိုက်တာ ၁စီး ဗုံး ၂လုံး ကြဲချ။ ပြည်သူအများအပြား ထိုခိုက်သေဆုံး၊ စာရင်းအတိအကျ မရသေး”ဟု ပြောသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။ စံလွင်(Tsan Lun)ရွှေမှော်ရှိ စျေးဆိုင်တန်းနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ၂ကြိမ် ဗုံးကြဲခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလဆန်းပိုင်းကစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်လာသည်။

ဇန်နဝါရီ ၁ရက်မှ ယနေ့အထိ ရှမ်းပြည်နယ် သိန္နီမြို့၊ မန္တလေးတိုင်း မိုးကုတ်၊ စဉ့်ကူးမြို့နှင့် မြင်းခြံမြို့၊ ရခိုင်ပြည်နယ် ရမ်းဗြဲ၊ ကျောက်တော်၊ ဂွမြို့၊ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်နှင့် ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။