Connect with us

Hi, what are you looking for?

သတင်း

ကချင် ကျောက်စိမ်းမိုင်းတွင်း မြေပြိုမှုမှာ ထိခိုက်နစ်နာခဲ့သူတွေအတွက် ကူညီပေးကြဖို့ ပုပ်ရဟန်းမင်း တောင်းဆို

ကချင်ပြည်နယ်ထဲမှာ ကျောက်စိမ်းမိုင်းတွင်း မြေပြိုမှု ဖြစ်စဉ်အပြီး ထိခိုက်ခံစားရသူတွေကို ဝိုင်းဝန်းကူညီပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်ထဲမှာ ကျောက်စိမ်းမိုင်းတွင်း မြေပြိုမှု ဖြစ်စဉ်အပြီး ထိခိုက်ခံစားရသူတွေကို ဝိုင်းဝန်းကူညီပေးကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းမှာမှာရှိတဲ့ ကျောက်စိမ်း တူးဖော်ရေး ဧရိယာ တစ်ခုမှာ အခုသီတင်းပတ် အစောပိုင်းတုန်းက ဆိုးရွားတဲ့ မြေပြိုမှု ဖြစ်စဉ်ကို နိုင်ငံတကာ အသိုက်အဝန်းက အလေးထားစေဖို့နဲ့ ထိခိုက်နစ်နာခဲ့သူတွေကို ကူညီစေဖို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက တောင်းဆိုခဲ့တာပါ။

ဇန်နဝါရီ ၁၅ ရက်နေ့တုန်းက ဗာတီကန်မှာ ဝတ်ပြုသူတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ပုပ်ရဟန်းမင်းကြီးက အဲဒီ မြေပြိုမှုမှာ သေဆုံး ဒဏ်ရာရမှုတွေ၊ ပျောက်ဆုံးမှုတွေ၊ ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့လည်း မိန့်ကြားခဲ့ပါတယ်။

AP သတင်းဌာနရဲ့ အဆိုအရ ကျောက်စိမ်း အထွက်ပေါများရာ ဖားကန့်မြို့နယ်ထဲမှာ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်အစောပိုင်းက ဖြစ်ပွားတဲ့ မြေပြိုမှုကြောင့် လူတစ်ဒါဇင်ထက်မနည်း သေဆုံးပြီး ပျောက်ဆုံးနေသူ အများအပြား ရှိကြောင်း၊ အိမ်ခြေ ၅၀ လောက်ဟာ မြေစာပုံတွေထဲ နစ်မြုပ်သွားတာ၊ ဒါမှမဟုတ် ပျက်စီးသွားတာတွေ ကြုံခဲ့ရကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆိုးရွားလှတဲ့ မြေပြိုမှုအတွင်း သေဆုံးသူတွေ၊ နာကျင်ခံစားရတဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် ဆုတောင်းပေးကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။ ဒီလို ဖြစ်ရပ်ဆိုး ကြုံတွေ့ထားတဲ့ ညီအစ်ကို မောင်နှမတွေအတွက် နိုင်ငံတကာ အထောက်အပံ့တွေ ကင်းမဲ့နေတာမျိုး မဖြစ်စေချင်ဘူးလို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

ပြီးတော့ အရင်ဝတ်ပြု ဆုတောင်းမှု အခမ်းအနားတွေလိုပဲ ပုပ်ရဟန်းမင်းကြီးက ဝတ်ပြုသူ အားလုံးကို ဆုတောင်းပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ယူကရိန်း၊ မြန်မာ၊ ပါလက်စတိုင်း၊ အစ္စရေးနဲ့ နိုင်ငံပေါင်း များစွာမှာ စစ်ပွဲတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့လည်း ငြိမ်းချမ်းရေးအတွက် ရည်သန် ဆုတောင်းကြဖို့ နှိုးဆော်ခဲ့ပြီး စစ်ပွဲမှန်သမျှဟာ အားလုံးအတွက် အရှုံးဖြစ်တယ်ဆိုတာ မမေ့ဖို့လည်း ထောက်ပြသွားခဲ့ပါတယ်။

ကိုးကား: Vatican News

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook