Connect with us

Hi, what are you looking for?

သတင်း

သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီ ပိိုက်စိပ်တိုက် စစ်ဆေး၊ လူငယ် ၁၀ဦးထက်မနည်း ဖမ်းဆီးခံရ

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီက ပိိုက်စိပ်တိုက်စစ်ဆေးရာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါမြို့နယ်ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီက ညပိုင်းအချိန် ပိတ်ဆို့စစ်ဆေးမှုပြုလုပ်နေသည်ကို တွေ့ရစဥ်(ပုံဟောင်းဖြစ်သည်။)

ရဲခေါင်/People’s Spring

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီက ပိိုက်စိပ်တိုက်စစ်ဆေးရာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါမြို့နယ်ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့ည ၁နာရီခန့်ကစ၍ စစ်ကောင်စီအဖွဲ့သည် ရပ်ကွက်၏ အဝင်၊အထွက် လမ်းများကို ပိတ်ဆို့ကာ စစ်ကားငါးစီးဖြင့် တစ်တိုက်ဝင်၊ တစ်တိုက်ထွက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

“စံပြစျေးအောက်က ပြည့်တန်ဆာခေါင်းတွေပါတဲ့ ပျူစောထီးတွေနဲ့ စခ တွေအများစု ဝင်စစ်တာ။ရပ် ကွက်ရာအိမ်မှူး၊အုပ်ချုပ်ရေးမှူး မတွေ့ရဘူး။စစ်ကား ချည်းပဲ ငါးစီး။Faw ကားအကြီးတစ်စီးထဲမှာ ယောကျာ်း ၁၀ယောက်ကျော် ၁၆ ယောက် လောက်ပါသွားတာ”ဟု ဖြစ်စဥ်ကိုကြုံတွေ့ခဲ့သူ တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသည့် လူငယ်များအနက် တက္ကသိုလ်ကျောင်းတက်နေသူအချို့ပါပြီး ယနေ့(ဇန်နဝါရီ ၁၇ရက်) နံနက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ မိသားစုဝင်များက သွားရောက်စုံစမ်းသော်လည်း သတင်းမသိရကြောင်း အကြောင်းပြန်သည်ဟု ဆိုသည်။

“အဲဒီအမတွေဆို ညကတည်းက သူ့သား(ဒုတိယနှစ်ကျောင်းသား)ခေါ်သွားခံရလို့ သူတို့ကိုပါခေါ်ဆိုပြီး ငိုယိုပွက်လောရိုက် သွားတာ။ အဲဒါနဲ့ ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေကလည်း ဝိုင်းတာတာကို သေနတ်ပြောင်းဆွဲပြီး မကပ်နဲ့ ငြိမ်ငြိမ်နေ ဆိုပြီး ခြိမ်းခြောက်သွားကြတယ်။ဒီနက် ရပ်ကွက်ရုံး သွားတော့လည်း သူတို့လည်း မသိရဘူးဆိုပြီး ပြောတယ်”ဟု ဆ/ကရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်က အသက်(၁၈)နှစ်နှင့်အထက် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီးနောက် ရန်ကုန်မြို့အပါအဝင် မြို့နယ်အများစုတွင် စစ်ကောင်စီနှင့် ပျူစောထီးများက ပေါ်ပေါ်ထင်ထင် ပေါ်တာဆွဲခေါ်ဆောင်မှုများစွာရှိနေသည်။

ထို့အပြင် ရန်ကုန်မြို့တွင် လူငယ်များပျောက်ဆုံးမှုများရှိလာပြီး စစ်မှုထမ်းဥပဒေဖြင့် ခြိမ်းခြောက်ကာ စစ်ကောင်စီ(သို့မဟုတ်)မြို့နယ်ထွေအုပ်ရုံးများထံ ရောင်းစားမှု ဖြစ်စဥ်အချို့လည်း ရှိလာသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

Facebook