Connect with us

Hi, what are you looking for?

သတင်း

မုံရွာစက်မှုဇုံအနီး အိမ်စီးကားဖြင့်ကင်းပတ်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့စက်မှုဇုံအနီး အိမ်စီးကားဖြင့် ကင်းပတ်လာသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၂၂)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့စက်မှုဇုံအနီး အိမ်စီးကားဖြင့် ကင်းပတ်လာသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၂၂)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၁၆ ရက် ညပိုင်းက မုံရွာစက်မှုဇုံ၊ ဟီးရိုးကွမ်းယာဆိုင်အနီး ကင်းပတ်နေသည့် အိမ်စီးကားကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် မုံရွာမြို့အမှတ်(၂)ရဲစခန်းမှ ရဲနှစ်ဦး၊ မြို့တော်ခန်းမမှ စစ်သားနှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ၎င်းတာ ဝန်ရှိသူက ပြောသည်။

“တစ်စီး အရင်ရောက်လာတာ။ ကားတခါးဖွင့်အဆင်းကျနော်တို့က စပစ်တာ။ မှောင်နေတော့(လက်နက်)ရမ်းမကောက်ရဲဖြစ်နေတာ”ဟု ပစ်ခတ်တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး အ မှတ်(၂၂)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်များ ကောက်ယူရန် ပြင်ဆင်နေစဥ် စစ်ကောင်စီဘက်မှ လှည့်ကင်းယာဥ်အချို့ ထပ်မံရောက်ရှိလာရာ အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားပြီး လူနှင့် လက်နက်အင်အားမမျှခြင်းကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုအတွင်း ပစ်ခတ်တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်အိမ်စီးကားမှာ ဆက်မောင်း၍မရတော့ဘဲ ကရိန်းဖြင့် ပြန်ဆွဲသွားကြောင်း၊ ပစ်ခတ်မှုဖြစ်သည့်နေရာသို့ စစ်ကောင်စီဘက်မှ လူနာတင်ယာဥ်အပါအဝင် တပ်ကူယာဥ် ၁၀စီးခန့်ရောက်ရှိလာပြီး အနီးဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော မုံရွာခရိုင်အမှတ်(၂၂)တပ်ရင်းမှ တိုက်ခိုက်ရေးရဲဘော်များမှာ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတပ်ရင်းက အသိပေးထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၄ ရက် ညပိုင်းကလည်း မုံရွာမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ အတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook