Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့အား ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေကြောင်း ယောဗျူဟာ ပြော

မကွေးတိုင်း၊ ယောဒေသရှိ ထီးလင်းမြို့ကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများဖြင့် စုဖွဲ့ထားသည့် ယောဗျူဟာ(အမှတ် ၈၁ ဗျူဟာ) တာဝန်ရှိသူ ကိုပုဂံက ပြောသည်။

ဂန့်ဂေါခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈)တပ်ရင်းများဖြင့် စုပေါင်း ဖွဲ့စည်းထားသော ဗျူဟာအမှတ်(၈၁)-ယောဗျူဟာမှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ − ဗျူဟာအမှတ် - ၈၁ ယောဗျူဟာ

ဟန်နွေ/People’s Spring

မကွေးတိုင်း၊ ယောဒေသရှိ ထီးလင်းမြို့ကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများဖြင့် စုဖွဲ့ထားသည့် ယောဗျူဟာ(အမှတ် ၈၁ ဗျူဟာ) တာဝန်ရှိသူ ကိုပုဂံက ပြောသည်။

ဗျူဟာ(၈၁) ယောဗျူဟာအနေဖြင့် ဂန့်ဂေါခရိုင်အမှတ် (၂၊၄၊၁၀) တပ်ရင်းများနှင့်အတူ ထီးလင်းမြို့အား ထိန်းချုပ်နိုင်ရေး ကြိုးစားနေခြင်းဖြစ်ကြောင်း ယောဗျူဟာက ဇန်နဝါရီ ၂၁ရက်တွင် အသိပေးထားသည်။

“ခရိုင်ကွပ်ကဲရေးရဲ့ လမ်းညွှန်မှုနဲ့ပဲ တော်လှန်ရေးအဖွဲ့တွေ အားလုံးစုပေါင်းပြီး လုပ်ဆောင်နေကြပါတယ်” ဟု ကိုပုဂံက ပြောသည်။

Public Service Announcement

Public Service Announcement

ယောဒေသ တည်နေရာပြမြေပုံ

စစ်ကောင်စီဘက်ကလည်း ထီးလင်းမြို့ကို လေကြောင်းမှ လူနှင့် လက်နက်ခဲယမ်းအင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

“စကစ ဘက်က လှုပ်ရှားမှုရှိလာရင် ကိုယ့်ဘက်က ပြန်လည် တုံ့ပြန်တာတိုက်ခိုက်တာမျိုးတော့ ရှိပါတယ်”ဟု လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေကို ကိုပုဂံက ပြောပြသည်။

ဇန်နဝါရီ ၂၀ ရက် နေ့လည် ၁နာရီခွဲအချိန်ခန့်တွင် ထီးလင်းမြို့မှ စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ ရုပ်သံကုန်းနှင့် မြို့မရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒရုန်း ဖြင့် တိုက်ခိုက်ခဲ့ကြသည်ဟု ယောဗျူဟာက အသိပေးသည်။

ထို့အပြင် ထီးလင်းမြို့အောင်တော်မူဘုရားဖက်သို့ ကင်းပုန်းဝပ်ရန်ထွက်လာကြသော စစ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီဘက်မှ ထီးလင်းမြို့ဘောလုံးကွင်းအတွင်း လူနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းမှုများ ရှိခဲ့သည်ဟု ယောဗျူဟာက ထုတ်ပြန်သည်။

ယောဗျူဟာကို ဂန့်ဂေါခရိုင် PDF တပ်ရင်းများ ဖြစ်သော အမှတ်(၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်း ၅ခုဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

ထီးလင်းမြို့နှင့် ၂မိုင်ခန့်အကွာရှိ ရွာအချို့ကို စစ်တပ်စစ်ကြောင်းက ဝင်ရောက်ရန်ကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဟန့်တားမှုကြောင့် ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း ယောဒေသတွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားလာပြီး ယနေ့ နံနက်ပိုင်းတွင် ကျောက်ထုမြို့နယ် ကံကြီးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သည်။

သတင်း

စစ်​ကောင်စီက ယောဒေသတွင် စိုးမိုးနိုင်ရေးအတွက် လေကြောင်းကိုသုံး၍ ထိုးစစ်ဆင်ရန် ကြိုးပမ်းနေပြီး ဒေသခံပြည်သူများ လေကြောင်းအန္တရာယ်နှင့် လုံခြုံရေးအန္တရာယ်သတိပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကသတိပေးသည်။