Connect with us

Hi, what are you looking for?

သတင်း

ရှိရင်းစွဲ တောမီးတွေ မငြိမ်းခင် လော့စ်အန်ဂျလိစ်မှာ အားကောင်းတဲ့ တောမီးအသစ် ထပ်လောင်

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းက လော့စ်အန်ဂျလိစ်မြို့မှာ ရှိရင်းစွဲ တောမီးတွေကို မီးသတ်တပ်ဖွဲ့တွေက ခက်ခက်ခဲခဲ ငြှိမ်းသတ်နေတုန်း နောက်ထပ် အားကောင်းတဲ့၊ ပျံ့နှံ့နှုန်း မြန်ဆန်တဲ့ တောမီးအသစ် စတင် လောင်ကျွမ်းလာတာနဲ့ ကြုံနေရပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းက လော့စ်အန်ဂျလိစ်မြို့မှာ ရှိရင်းစွဲ တောမီးတွေကို မီးသတ်တပ်ဖွဲ့တွေက ခက်ခက်ခဲခဲ ငြှိမ်းသတ်နေတုန်း နောက်ထပ် အားကောင်းတဲ့၊ ပျံ့နှံ့နှုန်း မြန်ဆန်တဲ့ တောမီးအသစ် စတင် လောင်ကျွမ်းလာတာနဲ့ ကြုံနေရပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့က စတင်အားကောင်းလာတဲ့ တောမီးအသစ်ဟာ ကက်စ်တစ် ရေကန်တဝိုက်မှာ တောင်စောင်းတွေမှာဖြစ်ပြီး အရမ်းမြန်မြန် ကူးစက်လောင်ကျွမ်းတာကြောင့် နာရီပိုင်းအတွင်းမှာ ဧက ၉၄၀၀ လောက် မြေပြင်ကို ဝါးမျိုဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

လော့စ်အန်ဂျလိစ် မီးသတ်ဝန်ထမ်းတွေက အဲဒီ အသစ်တိုးလာတဲ့ သဘာဝ ဘေးအန္တရာယ်ကို ဟုဂျ်စ်တောမီးလို့ နာမည်ပေးထားပါတယ်။ ဒေသတွင်းမှာ အရှိန်ပြင်းပြင်း တိုက်ခတ်နေတဲ့ ဆန်တာအေနာ လေစီးကြောင်းက တောမီး ကူးစက်မှုကို ကူညီအားပေးနေတယ်လို့ မီးသတ်အဖွဲ့ဝင်တွေက ဆိုပါတယ်။

အသစ်လောင်ကျွမ်းလာတဲ့ တောမီးကြောင့် ကက်စ်တစ် ရေကန်တဝိုက်မှာ နေထိုင်သူ ၃၀၀၀၀ ကျော်ကို ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပါတယ်။ တောမီးအသစ်ဟာ လော့စ်အန်ဂျလိစ် မြောက်ဖက် ၃၅ မိုင်ဝန်းကျင်အကွာ ဆန်တာ ကလာရီတာ မြို့နားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း လော့စ်အန်ဂျလိစ်မြို့ရဲ့ ဆင်ခြေဖုံးတွေ အပါအဝင် ကျယ်ပြန့်တဲ့ ဧရိယာတွေဟာ တောမီး ၃ ခုရဲ့ဒဏ်ကို အလူးအလဲ ခံစားခဲ့ရပါတယ်။ အဲဒီထဲမှာ တောမီးတစ်ခုက ငြိမ်းသွားပြီ ဖြစ်ပေမယ့် နောက်ထပ် နှစ်ခုက ထောင်နဲ့ချီတဲ့ နေအိမ် အဆောက်အအုံတွေကို ဝါးမျိုဖျက်ဆီးပစ်ခဲ့သလို တောမီးတွေကြောင့် သေဆုံးသူ ၂၄ ဦးထက်မနည်း ရှိလာပါတယ်။

လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့ အကြီးအကဲ ရောဘတ် ဂျန်ဆန်က ဟုဂျ်တောမီး လောင်ကျွမ်းရာ တဝိုက်မှာ နေထိုင်သူတွေဟာ ဘာပစ္စည်းဥစ္စာကိုမှ နောက်ဆံတင်းမနေဘဲ အမြန်ဆုံး ရွှေ့ပြောင်းဖို့ လိုတယ်လို့ အရေးတကြီး သတိပေးထားပါတယ်။ ပယ်လီဆာဒက်စ်နဲ့ အီတန် တောမီးလောင်ကျွမ်းမှုတွေအတွင်း ကြုံတွေ့ခဲ့တဲ့ အခြေအနေတွေကို သင်ခန်းစာယူပြီး အသက်ရှင်ရေးကိုပဲ ဦးစားပေး ရွှေ့ပြောင်းကြဖို့ သူက ပြောကြားခဲ့ပါတယ်။

လောလောဆယ်တော့ မီးသတ်တပ်ဖွဲ့ဟာ ရဟတ်ယာဉ်တွေ၊ မီးသတ်လေယာဉ်တွေ အပါအဝင် ရှိသမျှ အရင်းအမြစ် အားလုံးကို ပုံအောပြီး ပယ်လီဆာဒက်စ်၊ အီတန်နဲ့ ဟုဂျ် တောမီးတွေကို ရှေ့တိုးမလာအောင် အစွမ်းကုန် ကြိုးစားနေကြောင်း သိရှိရပါတယ်။

ကိုးကား: Telegraph

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။