Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီအတွက် အခွန်ကောက်ပေးနေသော ညောင်ဦးနှင့် မုံရွာမြို့ရှိလျှပ်စစ် နှင့်စည်ပင်ရုံး ဗုံးခွဲသတိပေးခံရ

စည်ပင်သာယာမှ Non-CDMဝန်ထမ်းများသည်စစ်ကောင်စီယန္တရားလည်ပတ်စေသော အခွန်များကောက်ခံနေခြင်းကြောင့် စည်ပင်ဝန်ထမ်းအိမ်ယာကို ဗုံးပစ်သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဗိုလ်မိုးကြိုးနှင့်အဖွဲ့သားများ-မုံရွာမှ အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီယန္တရားလည်ပတ်စေရန် အခွန်နှင့်မီတာခများကောက်ခံနေသောညောင်ဦးနှင့် မုံရွာမြို့များရှိ စည်ပင်နှင့်လျှပ်စစ်ဝန်ထမ်းအိမ်ရာများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဗုံးခွဲသတိပေးခဲ့သည်။

ယနေ့(အောက်တိုဘာလ ၃၁ ရက်နေ့ )နံနက် ၅နာရီ ၁၉ မိနစ်ခန့်က ညောင်ဦးမြို့နယ် လျှပ်စစ်ရုံးအတွင်းရှိ တိုက်တန်းလျားအဆောက်အဦးကို လက်ပစ်ဗုံးခွဲသတိပေးခဲ့ကြောင်း ညောင်ဦးPDFက ထုတ်ပြန်သည်။

ညောင်ဦးမြို့နယ်အတွင်း မီတာခများအတင်းအဓမ္မကောက်ခံနေခြင်းကိုရပ်တန့်ရန်နှင့် ဆက်လက်လုပ် ဆောင်နေပါက အသက်အန္တရာယ်ကိုအာမ မခံနိုင်ကြောင်းညောင်ဦး PDFက Non-CDMဝန်ထမ်းများအား သတိပေးခဲ့သည်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကြောင့် လူသေဆုံးထိခိုက်မှုမသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်)ညနေ ၆ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း မုံရွာမြို့ စည်ပင်ဝန်ထမ်းအိမ်ရာကို ဗိုလ်မိုးကြိုးနှင့်အဖွဲ့သားများ-မုံရွာက ဗုံးပစ်တိုက်ခိုက်ခဲ့သည်။

စည်ပင်သာယာမှ Non-CDMဝန်ထမ်းများသည်စစ်ကောင်စီယန္တရားလည်ပတ်စေသော အခွန်များကောက်ခံနေခြင်းကြောင့် စည်ပင်ဝန်ထမ်းအိမ်ယာကို ဗုံးပစ်သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဗိုလ်မိုးကြိုးနှင့်အဖွဲ့သားများ-မုံရွာမှ အသိပေးသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။