Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအတွက် အခွန်ကောက်ပေးနေသော ညောင်ဦးနှင့် မုံရွာမြို့ရှိလျှပ်စစ် နှင့်စည်ပင်ရုံး ဗုံးခွဲသတိပေးခံရ

စည်ပင်သာယာမှ Non-CDMဝန်ထမ်းများသည်စစ်ကောင်စီယန္တရားလည်ပတ်စေသော အခွန်များကောက်ခံနေခြင်းကြောင့် စည်ပင်ဝန်ထမ်းအိမ်ယာကို ဗုံးပစ်သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဗိုလ်မိုးကြိုးနှင့်အဖွဲ့သားများ-မုံရွာမှ အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီယန္တရားလည်ပတ်စေရန် အခွန်နှင့်မီတာခများကောက်ခံနေသောညောင်ဦးနှင့် မုံရွာမြို့များရှိ စည်ပင်နှင့်လျှပ်စစ်ဝန်ထမ်းအိမ်ရာများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဗုံးခွဲသတိပေးခဲ့သည်။

ယနေ့(အောက်တိုဘာလ ၃၁ ရက်နေ့ )နံနက် ၅နာရီ ၁၉ မိနစ်ခန့်က ညောင်ဦးမြို့နယ် လျှပ်စစ်ရုံးအတွင်းရှိ တိုက်တန်းလျားအဆောက်အဦးကို လက်ပစ်ဗုံးခွဲသတိပေးခဲ့ကြောင်း ညောင်ဦးPDFက ထုတ်ပြန်သည်။

ညောင်ဦးမြို့နယ်အတွင်း မီတာခများအတင်းအဓမ္မကောက်ခံနေခြင်းကိုရပ်တန့်ရန်နှင့် ဆက်လက်လုပ် ဆောင်နေပါက အသက်အန္တရာယ်ကိုအာမ မခံနိုင်ကြောင်းညောင်ဦး PDFက Non-CDMဝန်ထမ်းများအား သတိပေးခဲ့သည်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကြောင့် လူသေဆုံးထိခိုက်မှုမသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ (အောက်တိုဘာ ၃၀ ရက်)ညနေ ၆ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း မုံရွာမြို့ စည်ပင်ဝန်ထမ်းအိမ်ရာကို ဗိုလ်မိုးကြိုးနှင့်အဖွဲ့သားများ-မုံရွာက ဗုံးပစ်တိုက်ခိုက်ခဲ့သည်။

စည်ပင်သာယာမှ Non-CDMဝန်ထမ်းများသည်စစ်ကောင်စီယန္တရားလည်ပတ်စေသော အခွန်များကောက်ခံနေခြင်းကြောင့် စည်ပင်ဝန်ထမ်းအိမ်ယာကို ဗုံးပစ်သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဗိုလ်မိုးကြိုးနှင့်အဖွဲ့သားများ-မုံရွာမှ အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။