Connect with us

Hi, what are you looking for?

သတင်း

ကရင်များအတွက်သာမဟုတ်ဘဲ တစ်နိုင်ငံလုံး ပြည်သူများ လွတ်မြောက်ရေးအတွက် တော်လှန်နေဟု ဗိုလ်မှူးဒါဘောပြော

လက်ရှိ တော်လှန်ရေးသည်ကရင်အမျိုးသားလွတ်မြောက်ရေးအတွက်သာမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ပြည်သူများလွတ်မြောက်ရေးအတွက်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကော်ဘရာ စစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်မှူးဒါဘောကပြောကြားသည်။

ရှေ့တန်း တစ်​နေရာမှာ ​ကော်ဘရာစစ်​ကြောင်းမှူးဗိုလ်ဒါ​ဘော ။ဓါတ်ပုံ-Cobra Column

■ဗိုလ်မှူးဒါဘောကို သူရဘွဲ့ပေးအပ်မှု အချက် ၄ချက်ဖြင့် ညီညွတ်၍ဟု KNU အသိပေး

ဟန်နွေ/People’s Spring

လက်ရှိ တော်လှန်ရေးသည်ကရင်အမျိုးသားလွတ်မြောက်ရေးအတွက်သာမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ပြည်သူများလွတ်မြောက်ရေးအတွက်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကော်ဘရာ စစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်မှူးဒါဘောကပြောကြားသည်။

ဇန်နဝါရီ ၃၁ရက်က ကျရောက်သည့်ကရင့်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနား၌ ဗိုလ်မှူးဒါဘော၏ ပြောကြားချက်ကို KNU ဗဟိုက ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ငါတို့တစ်မျိုးသားလုံးအတွက်ပဲ တော်လှန်ရေးလုပ်နေတာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုတွေလွတ်မြောက်ဖို့အတွက် ငါတို့တိုက်ပွဲဝင်နေကြတာဖြစ်တယ်။”ဟုဗိုလ်မှူးစောကိုကို (ခေါ်) စောဒါဘောက ပြောကြားခဲ့ကြောင်း KNUက ဖော်ပြသည်။

အာဏာရှင်မပြုတ်ကျပါက မည်သည့် တိုင်းရင်းသားမှ လွတ်မြောက်မည်မဟုတ်ဟုလည်း ဗိုလ်မှူးဒါဘောက ပြောကြားခဲ့သည်။

“ဒီတော်လှန်ရေးကို ပျော်ပြီးတော့ လုပ်နေတဲ့သူလည်း တယောက်မှ မပါဘူးဒီအထဲမှာ။ အားလုံးက ခံယူချက်နဲ့ ခံစားချက်နဲ့ နာကျည်းမှုတွေနဲ့ရောက်လာကြတာချည်းပဲ။ ဒါကြောင့်မို့ အဓိက ပြောချင်တာက တို့ညီညီညွတ်ညွတ်နဲ့ ငါတို့လက်

ထက်မှာ ဒီအာဏာရှင်ကို အပြီးသတ် ငါတို့ ဖြုတ်ချမှရမှာ” ဟု ဗိုလ်မှူးဒါဘောက ပြောကြားခဲ့သည်။ထို့ပြင် ဗိုလ်မှူး စောဒါဘောအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုစစ်ဌာနချုပ်က သူရဘွဲ့ ပေးအပ်ခဲ့မှု အခြေအနေကိုလည်း အသိပေးရှင်းလင်းခဲ့သည်။

ဗိုလ်မှူးစောဒါဘောသည်ရှေ့တန်းစစ်မြေပြင်တွင် မကြောက်မရွံ့ပဲ အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်စီးနိုင်ပြီး ရဲစွမ်းသတ္တိအပြည့်နှင့် ခေါင်းဆောင်မှုအရည်အချင်းပြည့်မှီသည့် ဗိုလ်မှူးတစ်ယောက်အဖြစ် သူရဘွဲ့တံဆိပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)-(ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား၌ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ထိုသို့ ချီးမြှင့်ရခြင်းသည် ဗိုလ်မှူးစောကိုကိုသည် ရန်သူများကို ချေမှုန်းတိုက်ဖျက်ရာတွင် အချက် ၄ ချက်ကို အခြေခံ၍ ဘွဲ့တံဆိပ် လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟုရှင်းလင်းထားသည်။

ယင်းတို့မှလုပ်ထုံးလုပ်နည်းအတိုင်း အထက်မှ အဆင့်ဆင့်သောခေါင်းဆောင်များ၏ ထောက် ခံချက်အပြင် သူ၏ကွပ်ကဲမှုအောက်တွင် အတူတိုက်ပွဲဝင်သူများ (၃) ဦး၏ထောက်ခံမှုအပေါ် ကာကွယ်ရေးဌာနမှူးအတည်ပြု လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း၊ ဒုတိယ အချက်မှာ ကောင်းမွန်သော အုပ်ချုပ်ကွပ်ကဲမှုနှင့် စစ်ရေးအရ ထိုးထွင်းကြံဆမှုရှိ၍ ဖြစ်ကြောင်းဖော်ပြသည်။

ထို့အပြင်တိုက်ပွဲတွင် ရဲစွမ်းသတ္တိပြည့်ဝစွာဖြင့် စွမ်းစွမ်းတမံကြိုးစားမှုရှိခြင်းနှင့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးအားချိနဲ့အားနည်းသွားအောင် စွမ်းဆောင်နိုင်ခြင်း တို့ကြောင့် သူရဘွဲ့ ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း KNUက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေ-စုကလိလမ်းပိုင်းတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။