Connect with us

Hi, what are you looking for?

သတင်း

ဗြိတိန်ရောက် မြန်မာများ ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၉) နှစ်မြောက်အခမ်းအနား ပြုလုပ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ပြည်ပရောက်မြန်မာများက ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၉) နှစ်မြောက် အခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီ ၉) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Click to Fight (UK)

သုည/People’s Spring

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ပြည်ပရောက်မြန်မာများက ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၉) နှစ်မြောက် အခမ်းအနားကို ယနေ့ (ဖေဖော်ဝါရီ ၉) ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ဗြိတိန်ရောက်တိုင်းရင်းသား အဖွဲ့အစည်းများ၊ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကင်မ်နှင့် ဗြိတိန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုတို့လည်း တက်ရောက်ခဲ့ကြသည်။

ယင်းပွဲတွင် ပင်လုံနေ့အထိမ်းအမှတ် တော်လှန်ရေးရန်ပုံငွေရှာဖွေပွဲအဖြစ် တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချခဲ့ကာ ရန်ပုံငွေများကို ပြည်တွင်းရှိ လိုအပ်သည့်နေရာများသို့ တိုက်ရိုက် ထောက်ပို့သွားမည်ဖြစ်ကြောင်း မြန်မာအဖွဲ့အစည်းများက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

သတင်း

မတရား ပြစ်ဒဏ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မမေ့လျော့သေးတဲ့အတွက်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားတဲ့အတွက်၊ ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အချိန်ထိ သက်ရှိထင်ရှား ရှိနေဆဲဖြစ်ကြောင်း အာဏာသိမ်း စစ်တပ်က သက်သေပြဖို့ တောင်းဆိုနေတဲ့ Proof of Life လှုပ်ရှားမှုကို...

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့မှာ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဌာနက ဆုတောင်းပေးခဲ့တဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောပြဖို့ လန်ဒန်မြို့မှာရှိတဲ့ တရုတ်သံအမတ်ကြီးဆီ စာရေးသား ပေးပို့ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ဒီနေ့ ဇူလိုင် ၃ရက်မှာ အသိပေးပါတယ်။

သတင်း

လူထု‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့ အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ဆုတောင်းပေးခဲ့ပါတယ်။

Facebook