Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ လက်ထပ်ထိမ်းမြားမှု အရေအတွက် စံချိန်တင် ကျဆင်း

တရုတ်နိုင်ငံမှာ လက်ထပ်ထိမ်းမြားတဲ့ စုံတွဲ အရေအတွက်ဟာ ၂၀၂၄ ခုနှစ်မှာ စံချိန်တင် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာတော့ ကွာရှင်းပြတ်စဲတဲ့ အရေအတွက်က ဆက်တိုက် တက်ရိပ်ပြလာနေခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ လက်ထပ်ထိမ်းမြားတဲ့ စုံတွဲ အရေအတွက်ဟာ ၂၀၂၄ ခုနှစ်မှာ စံချိန်တင် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာတော့ ကွာရှင်းပြတ်စဲတဲ့ အရေအတွက်က ဆက်တိုက် တက်ရိပ်ပြလာနေခဲ့ပါတယ်။

တရုတ် အစိုးရဟာ နိုင်ငံရဲ့ လူဦးရေ ကျဆင်းလာမှု ပြဿနာကို ဖြေရှင်းဖို့အတွက် ငယ်ရွယ်တဲ့ စုံတွဲတွေကို အိမ်ထောင်ပြုဖို့၊ သားသမီးယူဖို့ တိုက်တွန်းနေတဲ့တိုင် စာရင်း အချက်အလက်တွေကတော့ ရည်မှန်းချက် မအောင်မြင်သေးဘူး ဆိုတာကို အတိအလင်း ညွှန်ပြနေပါတယ်။

၂၀၂၄ ခုနှစ်အတွင်း လက်ထပ်ခဲ့တဲ့ စုံတွဲ အရေအတွက်ဟာ ၆.၁ သန်းလောက် ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကနဲ့ ယှဉ်ရင် ၂၀.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာပါ။ တရုတ် ပြည်သူ့ရေးရာ ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ စနစ်တကျ မှတ်တမ်းပြုစုမှုတွေ စတင်တဲ့ ၁၉၈၆ နောက်ပိုင်း ဒါဟာ တစ်နှစ်တာ ထိမ်းမြားလက်ထပ်မှု စံချိန်တင် အနည်းဆုံး အရေအတွက် ဖြစ်လာပါတယ်။

တရုတ်မှာ လူနေမှုစရိတ်နဲ့ ကလေးတွေအတွက် ပညာရေး စရိတ်တွေ ကြီးမြင့်တာကြောင့် စုံတွဲတော်တော်များများဟာ လက်မထပ်ဖို့၊ ကလေးမယူဖို့ ဆုံးဖြတ်လာကြပါတယ်။ အဲဒီ အခြေအနေက နိုင်ငံရဲ့ အလုပ်လုပ်နိုင်သူ ဦးရေ အချိုးအစားကို လျော့ကျလာစေပြီး နိုင်ငံရဲ့ တိုးတက်နှုန်း နှေးကွေးလာတဲ့ စီးပွားရေးအတွက် စိုးရိမ်စရာ ညွှန်ကိန်း ဖြစ်လာနေပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၃ ခုနှစ်ဟာ တရုတ်မှာ စုံတွဲတွေ လက်ထပ်မှု အများဆုံး စံချိန်တင်တဲ့ ကာလဖြစ်ခဲ့ပြီး အရေအတွက် ၁၃ သန်းလောက် ရှိခဲ့ပေမယ့် ၂၀၂၄ အခြေအနေကတော့ အဲဒီထက် ထက်ဝက်ကျော် လျော့ပါးသွားတာပါပဲ။

လက်ထပ်တဲ့ စုံတွဲ အရေအတွက်က နည်းလာပေမယ့် ကွာရှင်းတဲ့ ဇနီးမောင်နှံတွေကတော့ တိုးလာပါတယ်။ ၂၀၂၄ မှာ စုစုပေါင်း စုံတွဲ ၂.၆ သန်းနီးပါး ကွာရှင်းခဲ့ကြပြီး ဒါဟာ ၂၀၂၃ တုန်းကနဲ့ ယှဉ်ရင် အရေအတွက် ၃၀၀၀၀ နီးပါး တိုးလာတာ ဖြစ်ပါတယ်။

တရုတ် အာဏာပိုင်တွေဟာ ကွာရှင်းပြတ်စဲမှု လျှောက်ထားတဲ့ ကိစ္စတွေမှာ သွေးအေးအေးနဲ့ ပြန်စဉ်းစားနိုင်မယ့် အချိန် ရက် ၃၀ စောင့်ဖို့ သတ်မှတ်ပေးထားပေမယ့် တစ်ဖက်မှာတော့ အဲဒီကိစ္စဟာ နိုင်ထက်စီးနင်း အိမ်ထောင်ရေး ကိစ္စတွေမှာ အမျိုးသမီးတွေဟာ ညှင်းပန်းနှိပ်စက်မှုဒဏ် ပိုပြီး ခံစားရစေနိုင်တယ်ဆိုတဲ့ ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

တရုတ်ဟာ မွေးဖွားသူထက် သေဆုံးသူ အရေအတွက်က ပိုများလို့ အသားတင် လူဦးရေ ကျဆင်းမှုကိုလည်း ၃ နှစ်ဆက်တိုက် ကြုံတွေ့ခဲ့ပြီး အကျိုးဆက် အနေနဲ့ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ အိမ်နီးချင်း အိန္ဒိယဆီ လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။