Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၁)နယ်မြေရှိ ကျေးရွာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၃ဦးသေ၊ ၁၀ဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင် အတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေငခံပြည်သူ ၃ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာနှင့် ကော်ကာကျေးရွာ နေအိမ်များ ပျက်စီးမှုများ။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင် အတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေငခံပြည်သူ ၃ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယနေ့(ဖေဖော်ဝါရီ ၁၃ရက်)တွင် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများသို့ တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာဝန်းကျင်ကို စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ဦးကျော် ထိမှန်ပြီး ၃ဦး သေဆုံးခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ကျိုက်ထိုမြို့နယ် ကော်ကာကျေးရွာလည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဘီးလင်းမြို့နယ် တဂေးလောင်းချောင်းဖျားကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ခိုက်မှုကြောင့် အပျက်အစီးအများအပြားနှင့်ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးမှုများ ရှိခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီသည် ကျေးရွာစာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ဘုန်းကြီးကျောင်း၊ပုထိုးစေတီများနှင့် ပြည်သူပိုင်နေအိမ်များကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းတွင် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စု တဂေးလောင်းချောင်းဖျားရွာ ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ တဂေးလောင်းချောင်းဖျားကျေးရွာခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်းသို့ (၁)လုံး၊ တဂေးလောင်းချောင်းဖျားကျေးရွာထဲ ၁လုံး ကျရောက်ပေါက်ကွဲပြီး ခရစ်ယာန်ဘုရားကျောင်းနှင့် နေအိမ် ၁၇လုံးပျက်စီးခဲ့သည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၉ရက်ကလည်း ဘီးလင်းမြို့နယ်၊မင်းစောကျေးရွာအုပ်စု၊တဂေးလောင်း ကျေးရွာ (ထီးဆိဘောကျေးရွာ) ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုရားစေတီနှင့် သာသနာအဆောက်အအုံများ ထိခိုက်ပျက်စီးပြီး တဂေးလောင်းရွာ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

KNU တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်ရှိ မဲပလီ စစ်ကောင်စီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက တပ်မဟာ(၁)နယ်မြေသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ကြိမ်ဖန်များစွာ ပြုလုပ်လျက်ရှိကြောင်း KNU က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook