Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ ပတ်သက်လို့ မပြီးသတ်သေးတာတွေကို ထရမ့်အကူအညီနဲ့ လက်စသတ်မယ်လို့ နေတန်ညာဟုပြော

မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကူအညီတွေနဲ့အတူ အစ္စရေးဟာ အီရန်နဲ့ ပတ်သက်လို့ မပြီးပြတ်သေးတဲ့ လုပ်စရာ ကိစ္စတွေကို လက်စသတ်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကူအညီတွေနဲ့အတူ အစ္စရေးဟာ အီရန်နဲ့ ပတ်သက်လို့ မပြီးပြတ်သေးတဲ့ လုပ်စရာ ကိစ္စတွေကို လက်စသတ်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ နေတန်ညာဟုဟာ အစ္စရေးကို အလည်အပတ် ရောက်ရှိနေသူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုနဲ့အတူ သတင်းထောက်တွေကို တွေ့ဆုံချိန်မှာ အီရန်အပေါ် တင်းမာတဲ့ သဘောထားကို အခုလို ထုတ်ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ၁၆ လတာ ကာလအတွင်း အစ္စရေးဟာ အီရန်ရဲ့ အကြမ်းဖက် ဝင်ရိုးကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ခဲ့ကြောင်း၊ အခုအခါမှာတော့ သမ္မတ ထရမ့်ရဲ့ အားကောင်းတဲ့ ဦးဆောင်မှုနဲ့အတူ အစ္စရေးဟာ အီရန်နဲ့ ပတ်သက်ပြီး လက်စသတ်ရမယ့် ကိစ္စတွေကို သေချာပေါက် လုပ်ဆောင်နိုင်ဆိုတာ ယုံကြည်ထားကြောင်း နေတန်ညာဟုက ဆိုပါတယ်။

အကြမ်းဖက် ဝင်ရိုးကို ထိုးနှက်ခဲ့တယ် ဆိုတာဟာ အီရန် ဩဇာညောင်းတဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း လက်နက်ကိုင် အင်အားစုတွေဖြစ်တဲ့ ဟားမားစ်၊ ဟစ်ဇ်ဘိုလာ၊ ဟိုသီ အဖွဲ့တွေကို အစ္စရေးက တိုက်ခိုက်ခဲ့တာကို ဆိုလိုတာပါ။ အီရန် ဦးဆောင်တဲ့ အဲဒီ အစုအဖွဲ့ကို အစ္စရေးက အကြမ်းဖက် အင်အားစုတွေလို့ သတ်မှတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ရူဘီရိုကလည်း နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ အီရန်နိုင်ငံ ပေါ်ထွန်းလာတာကို လုံးဝ လက်ခံပေးလို့ မရဘူးလို့ ပြောကြားခဲ့ပါတယ်။

ဟားမားစ်တွေအကြောင်း၊ ဟစ်ဇ်ဘိုလာတွေအကြောင်း၊ အနောက်ဖက် ကမ်းခြေဒေသနဲ့ ဆီးရီးယားက မတည်ငြိမ်မှုတွေအကြောင်း၊ ဒါမှမဟုတ် အီရတ်နိုင်ငံမှာ ရှိနေတဲ့ ပြည်သူ့စစ် အဖွဲ့တွေအကြောင်း ဘာကိစ္စကိုပဲပြောပြော နောက်ကွယ်မှာ အီရန် ပါဝင် ပတ်သက်နေတာကို မြင်နိုင်ကြောင်း၊ ဒီကိစ္စကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ လိုကြောင်းလည်း ရူဘီရိုက ဆိုပါတယ်။

အမေရိကန်မှာ သမ္မတလောင်း ဂျိုးဘိုင်ဒန် လက်ထက်ရော၊ လက်ရှိ သမ္မတ ထရမ့်လက်ထက်မှာပါ အမေရိကန် ထောက်လှမ်းရေးက ၂၀၂၅ ခုနှစ်အတွင်း အစ္စရေးဟာ အီရန်ရဲ့ နျူကလီးယား စီမံကိန်းအတွက် အရေးပါတဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ခြေ မြင့်မြင့်မားမား ရှိနေတယ်လို့ သတိပေးထားပါတယ်။

တစ်ဖက်မှာတော့ ထရမ့်ဟာ အီရန် နျူကလီးယား အရေးကို ဆွေးနွေးမှု နည်းလမ်းတွေနဲ့ ချဉ်းကပ် ဖြေရှင်းလိုကြောင်း အရိပ်အယောင် ပြသထားပြီး အဲဒီ အချက်က အစ္စရေးရဲ့ စစ်အင်အားသုံး ကိုင်တွယ်ချင်တဲ့ သဘောထားနဲ့တော့ ဆန့်ကျင်နေပါတယ်။

နေတန်ညာဟုက ဂါဇာကမ်းမြှောင်ဒေသနဲ့ ပတ်သက်ပြီး သူနဲ့ ထရမ့်တို့ဟာ တူညီတဲ့ မဟာဗျူဟာ ချဉ်းကပ်မှုမျိုးဆီ ဦးတည်နေတယ်လို့ မှတ်ချက်ပေးခဲ့ပြီး ဟားမားစ်တွေဟာ အစ္စရေး ဓားစာခံ အားလုံးကို ပြန်လွှတ်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အားလုံးကို ငရဲဘုံ တံခါးဝဆီ ရောက်သွားစေမယ်လို့ သတိပေးသွားပါတယ်။

ထရမ့်က အမေရိကန်ဟာ ဂါဇာ ကမ်းမြှောင်ဒေသကို ထိန်းချုပ်လိုတယ်လို့ တရားဝင် သဘောထား မှတ်ချက် ထုတ်ပြန်ခဲ့ခြင်းက တစ်ကမ္ဘာလုံးကို အံ့ဩစေခဲ့ပေမယ့် နေတန်ညာဟုကတော့ အဲဒီအကြောင်းကို သူကြိုသိခဲ့တယ်လို့ ပြောပါတယ်။

နောက်ပြီး ထရမ့်ရဲ့ အဲဒီ စိတ်ကူးဟာ ဂါဇာပြည်သူတွေ၊ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်း ဒေသ တစ်ခုလုံးအတွက် တစ်ခုတည်းသော အသင့်တော်ဆုံး အစီအမံမျိုး ဖြစ်လိမ့်မယ်လို့လည်း နေတန်ညာဟုက ညွှန်းဆိုသွားခဲ့ပါတယ်။

ရူဘီရိုရဲ့ အစ္စရေး ခရီးစဉ်ဟာ သမ္မတဟောင်း ဘိုင်ဒန် လက်ထက်တုန်းက ဆိုင်းငံ့ခဲ့တဲ့ အစ္စရေးဆီ အကြီးစား ဗုံးလက်နက်တွေ တင်ပို့မှုကို ပြန်လည် ခွင့်ပြုခဲ့တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကတ်ဇ်က MK-84 အမျိုးအစား ပြင်းအားမြင့် ဗုံးတွေ ပြန်လည် လက်ခံ ရရှိလာတာဟာ အစ္စရေးနဲ့ အမေရိကန်ကြားက မဟာမိတ် ဆက်ဆံရေး ဘယ်လောက် ခိုင်မာသလဲ ဆိုတာ မြင်သာစေတဲ့ နောက်ထပ် သက်သေ သာဓက တစ်ခုဖြစ်တယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

ဘိုင်ဒန် လက်ထက်တုန်းကတော့ အစ္စရေး စစ်တပ်ဟာ အဲဒီ ပေါင် ၂၀၀၀ ဗုံးတွေကို ဂါဇာက အရပ်သား ဧရိယာတွေမှာပါ ကြဲချနိုင်တယ်လို့ သုံးသပ်ပြီး တင်ပို့ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်က ဖိအားပေးနေမှုတွေကို တရုတ်က ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဆန့်ကျင်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ ခရီးစဉ် ပြီးဆုံးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင် ဒေသမှာ အကြီးစား တိုက်ခိုက်မှုကြီး ဖြစ်လာနိုင်ခြေ သတင်းကို ကြိုတင်ရရှိခဲ့ပေမယ့် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေဆီ လက်ဆင့်ကမ်းမပေးခဲ့ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို တစ်ပတ်အတွင်း ပြန်ဖွင့်ပေးမယ့် ကမ်းလှမ်းမှု တစ်ခုကို အမေရိကန်ဆီ ပေးပို့ထားကြောင်း အီရန် အစိုးရက ပြောပါတယ်။

Facebook