Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးမြို့နယ်၊လက်ပံလှရွာစျေးတန်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ ကလေးငယ် ၂ ဦးအပါအဝင်ပြည်သူ ၁၁ဦးသေ၊၃၀ ခန့်ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာစျေးတန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူ (၁၁)ဦး သေဆုံးခဲ့ကြောင်း မန္တလေး PDFက သတင်းထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-MDY_PDF

မင်းညို/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှရွာစျေးတန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူ (၁၁)ဦး သေဆုံးခဲ့ကြောင်း မန္တလေး PDFက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ မတ်လ (၁၄)ရက် ညနေ (၃)နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်က စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာက လူစည်ကားရာ စျေးဆိုင်တန်းတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူ (၁၁)ဦးအထိ အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀)ဝန်းကျင် ရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်​ပါတယ်။

စစ်ကောင်စီဟာတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာတာကို တွေ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ပြီးခဲ့တဲ့မတ်လ (၄)ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် ၊ လက်ပံလှကျေးရွာကိုပဲ လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ​တွေလည်း ရှိခဲ့ပါတယ်။

စဥ့်ကူးတစ်မြို့နယ်လုံးကို မန္တ​လေး PDF ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေက ၁၀၂၇ ဒုတိယလှိုင်း (သို့မဟုတ်)ရှမ်းမန်းစစ်ဆင်​ရေးအတွင်းမှာသိမ်းပိုက်ထားတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။