Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော် စကခ(၂၁)ကာကင်းအချို့ KIA ပူးပေါင်းတပ်ထပ်မံသိမ်းရဟု သတင်းရင်းမြစ်ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်အကြားတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၏ ကာကင်းစခန်းအချို့ သိမ်းပိုက်ရရှိထားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့(မတ်လ ၁၄ရက်) ညပိုင်း၌ ပြောသည်။

ရှေ့တန်းတနေရာတွင် တွေ့ရသော KIA ရဲဘော်များနှင့် တနိုင်းမြို့နယ်တွင် KIA၏ တိုက်ခိုက်မှုကြောင့် အထိနာသည့် ပြည်သူ့စစ်က ဒေသခံများ၏နေအိမ်များ မီးရှို့ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − Padang Nsen၊Steve Tickner

▪️တနိုင်းတွင် KIA၏ တိုက်ခိုက်မှုကြောင့် အထိနာသည့် ပြည်သူ့စစ်က ဒေသခံများ၏နေအိမ်များ မီးရှို့

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်အကြားတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၏ ကာကင်းစခန်းအချို့ သိမ်းပိုက်ရရှိထားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့(မတ်လ ၁၄ရက်) ညပိုင်း၌ ပြောသည်။

စကခ(၂၁)၏ ကာကင်းအချို့ သိမ်းရကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူ လူမှုကွန်ရက်၌ ဖော်ပြချက်အပေါ် သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်ပြီး စစ်ရေးအခြေအနေ အသေးစိတ်ကို ပြောဆိုခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

KIA ပူးပေါင်းတပ်သည် စကခ(၂၁)ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး စစ်ရှိန်မြှင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ဒရုန်းအချို့ကို သိမ်းပိုက်ရရှိထားသည်။

ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီ တပ်စခန်းများစွာ သိမ်းပိုက်ထားပြီး စကခ(၂၁)အပါအဝင် ဗန်းမော်မြို့အပြီးသတ် သိမ်းပိုက်နိုင်ရေးအပြင်းအထန် တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးက ပြီးခဲ့သည့် ရက်များက သတင်းဖော်ပြသော်လည်းတိုက်ပွဲ အခြေအနေအသေးစိတ်ကို ဖော်ပြခြင်းမရှိပေ။

ထို့ပြင် ကချင်ပြည်နယ် တနိုင်းဒေသတိုက်ပွဲတွင်လည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်များ KIA၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ကချင်ဘာသာဖြင့်လူမှုကွန်ရက်၌ ရေးသားအသိပေးခဲ့သည်။

ဖားကန့်မြို့နယ် ဝါရာဇွပ်ဒေသရှိ ပြည်သူ့စစ်အဖွဲ့ကို KIA တပ်ရင်း(၁၄)က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးထိခိုက်များခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တို့က လူမှုကွန်ရက်၌ ရေးသားအသိပေးထားသကဲ့သို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွင်လည်း ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရ၍ အကျအဆုံးများနေသည်ဟု ရေးသားအသိပေးထားသည်။

မင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းက တနိုင်း လီဒိုလမ်းအနီး ၀ခါးမှော်ရှိKIA တပ်စွဲရာနေရာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ KIAတပ်များ နောက်ဆုတ်ပေးခဲ့ရပြီး ယခုတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ အထိနာအောင် KIAက ပြန်လည်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် စစ်ရေးအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIA၏ တိုက်ခိုက်မှုကြောင့် အထိနာသည့် ပြည်သူ့စစ်က ဒေသခံပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

“သူတို့ အထိနာသွားတဲ့အတွက်ကြောင့်ထင်တယ် ဝါရာဇွပ်ကျေးရွာက အိမ် ၁၆ လုံးကို မီးရှို့ပစ်လိုက်တယ်တဲ့။ ပြည်သူ့စစ် အဖွဲ့ သူတို့ အကျအရှုံးများလို့ ဖြစ်မယ်တဲ့ ရွာသားတွေရဲ့ အိမ် ၁၆လုံးကို မီးရှို့ပစ်တာတဲ့” ဟု ကချင်ဒေသခံက ကချင်စစ်ရေးသတင်းရင်းမြစ်အချို့၏ ကချင်ဘာသာဖြင့် အသိပေးချက်အပေါ် ပြန်လည်ရှင်းပြပေးသည်။

ပြည်သူ့စစ်တပ်ဖွဲ့က မီးရှို့ခဲ့၍ နေအိမ်ပျက်စီးမှု မှတ်တမ်းဓာတ်ပုံအချို့ကိုလည်း ကချင်သတင်းရင်းမြစ်တစ်ဦးက လူမှုကွန်ရက်၌ ဖော်ပြအသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လူနာကုတင်ပေါ်မှာ ကလေးငယ်တစ်ယောက်စူးစူးဝါးဝါးအော်ငိုနေပါတယ်။ ငိုသံကို ကြားရသူ၊ ကလေးကို မြင်ရသူတွေလည်း မျက်ရည်တွေ စီးကျနေပါတယ်။ ငိုသံဟာ မနေ့ညနေပိုင်းမှာ စစ်တပ်ကတိုက်လေယာဉ်နဲ့ ဗုံးကြဲစဉ်ကပေါက်ကွဲသံထက်တောင် ပိုပြီးကျယ်လောင်သ​ယောင် ခံစားရတယ်လို့ ကလေးငယ်ကို ဆေးကုပေးနေသူတစ်ဦးက ဆိုပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းကို စစ်ကောင်စီတပ်က စိုးမိုးဖို့ကြိုးစားနေပြီး မန္တလေးမြို့ကနေ သပိတ်ကျင်းမြို့အထိ မြစ်ကမ်းဘေးကျေးရွာတွေကို ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ အာဏာသိမ်းစစ်တပ်က ထပ်မံထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အနီး စစ်ကောင်စီတပ်ရင်း ဌာနချုပ် ၂ခုကို စက်တင်ဘာ ၁၁ညနေပိုင်းတွင် လက်လွှတ်ခဲ့ရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။