Connect with us

Hi, what are you looking for?

သတင်း

နှမ်းခါးရွာ​ဆေးခန်းကို စစ်​ကောင်စီဗုံးကြဲ ဆရာဝန်မိသားစုအပါအဝင် ၁၂ ဦး​သေ၊ ၆ဦးဒဏ်ရာရ

ဂန့်ဂေါမြို့နယ် ​မြောက်ပိုင်းရှိ နှမ်းခါးရွာဆေးပေးခန်းကိုစစ်ကောင်စီက မတ်လ ၂၂ ရက်မနက်ပိုင်းတွင်လေကြောင်းမှ ဗုံးကြဲသဖြင့်ဆရာဝန်မိသားစု အပါအဝင် ၁၂ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိသည်ဟု ​ဒေသခံအချို့က​ပြောသည်။

ဗုံးကြဲခံရပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-Zofa Journal

မတ်-၂၂၊၂၀၂၅။ဟန်​နွေ၊ကဖေး/People’s Spring

ဂန့်ဂေါမြို့နယ် ​မြောက်ပိုင်းရှိ နှမ်းခါးရွာဆေးပေးခန်းကိုစစ်ကောင်စီက မတ်လ ၂၂ ရက်မနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲသဖြင့်ဆရာဝန်မိသားစု အပါအဝင် ၁၂ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိသည်ဟု ​ဒေသခံအချို့က​ပြောသည်။

“ခုနောက်ပိုင်း ဆေးရုံဆေးခန်းနဲ့ပတ်သက်တာတွေပါ လိုက်ကြဲနေတော့တာ။ ဆရာဝန်မိသားစု ပါတယ်လို့ သတင်းရတယ်” ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

“ဖုန်းတွေလိုင်းဖြတ်ပြီး ကင်းထောက်ပြီးမှ ကြဲတာဗျ။ လေကြောင်းကနေ။မနက် ၈နာရီ ၄၀မိနစ်မှာ။ သေဆုံးတာမှာ မိန်းကလေးတွေ၊ ကလေးတွေပါတယ်။ ဆယ်ဦးလို့ကြားတယ်ဗျ။ အရပ်သားကို ပစ်တာ သေချာ မှတ်တမ်းယူထားပေးကြပါဗျာ” ဟု ဂန့် ဂေါဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံး ထိခိုက်မှုများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များမရရှိသေးပေ။ ဖုန်းလိုင်းများပြတ်တောက်နေ၍ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်၍မရသေးပါ။

စစ်ကောင်စီကဂန့်ဂေါမြို့တောင်ဖက်ရှိ ရှောင်ပင်ရွာကို မတ်လ ၁၈ ရက်​နေ့မှစ၍ စစ်တပ် နှင့် ပျူ‌ စောထီးပူးပေါင်း၍စစ်ကြောင်းထိုးနေသည်။ထို​နောက် ​​လေးရက်အကြာတွင် နှမ်းခါးရွာကို ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ယောဒေသခံတစ်ဦးကပြောသည်။

ဂန့်ဂေါမြို့ပေါ်မှထွက်လာသော အင်အား ၁၀၀ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် ရှောင်ပင်ရွာတွင် အထိုင်ချကာ ဘန်ကာများတူးနေကြောင်း လည်းဒေသခံအချို့ကပြောသည်။

တော်လှန်ရေးတပ်များဘက်က ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မည်ဟု ကြားသည်ရသည့်အပေါ် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်ဟုယူဆကြောင်း ထီးလင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောပြသည်။

“စစ်ကောင်စီဘက်က တော်တော်လေး အရှိန်မြှင့်လာတာတွေ့ရတယ်။ မြေပြင်ရောလေကြောင်းကပါ ပြင်ဆင်လာတာ။ အရပ်သားပြည်သူတွေရဲ့လုံခြုံရေးကို တော်တော်လေးဂရုစိုက်ဖို့လိုတယ်။ စစ်ရေးအခြေနေကတော့ရှေ့ဆက်ဘာဖြစ်မလဲကျွန်တော်တို့မပြောနိုင်ဘူး။ လေကြောင်းက ခဏခဏ လာနေတယ်” ဟု PDFတဦးကပြောသည်။

စစ်ကောင်စီသည်မတ်လ ၂၀ ရက်​နေ့ မနက်အစောပိုင်းကလည်း ထီးလင်းမြို့နယ် အလယ်ဘန်းရွာကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာကျောင်းသူ ၂ ဦးအပါအဝင် ပြည်သူ ၄ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ထီးလင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။ နေအိမ် ၄၀ ကျော်လည်း ပျက်စီးခဲ့သည်။

ထို့အပြင် ယမန်နေ့ မတ်လ ၂၁ရက်ကလည်း ယောဒေသနှင့်ဆက်စပ်နေသော ပုလဲမြို့နယ်အတွင်းသို့ စက်‌တပ်လေထီးဖြင့်လေကြောင်းမှာတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိမရှိမသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဒရုန်းဗုံးထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး သေဆုံးတယ်လို့ ဂန့်ဂေါမြို့နယ်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။