Connect with us

Hi, what are you looking for?

News

အောက်တိုဘာလအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၇၀ကျော်သေဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အောက်တိုဘာလအတွင်း တိုက်ပွဲ ၂၇၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၇၁ ဦးသေဆုံးကာ ၂၆၆ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

KNU တပ်မဟာ ခုနစ်ခုရှိသည့်အနက် တပ်မဟာ(၁)၊တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၆) စသည့် တပ်မဟာ ငါးခုနယ်မြေ၌ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တပ်မဟာ(၁)နယ်မြေ သထုံခရိုင်တွင် တစ်လအတွင်း တိုက်ပွဲ ၄၇ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၉၅ဦးသေဆုံးပြီး ၈၀ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။ တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် တိုက်ပွဲ ၅ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၃၀ဦးသေ၊ ၉ဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

တပ်မဟာ(၃) နယ်မြေတွင် တိုက်ပွဲ ၆ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ (၁၇)ဦး သေဆုံးကာ၊ (၃၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ဖာပွန်ခရိုင် တပ်မဟာ (၅)နယ်မြေတွင် တိုက်ပွဲ ၂၀၄ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၉၃ဦးသေဆုံးကာ ၉၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် တိုက်ပွဲ ၁၃ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၆ဦး သေ၊ ၅၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ သေဆုံးခဲ့သူများထဲတွင် တပ်ရင်းမှူး တစ်ဦး၊ တပ်ခွဲမှူး တစ်ဦး၊ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီးနှစ်ဦး၊ ဗိုလ်နှစ်ဦး ပါဝင်ခဲ့သည်ဟု KNUက ထုတ်ပြန်သည်။ ဒဏ်ရာရသူများထဲ၌လည်း ဒု-တပ်ရင်းမှူး(၁)ဦး၊ ဒု-ဗိုလ်မှူးကြီး တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး ပါဝင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများ၌ KNU လက်အောက်ခံ တပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ (KNDO)တို့မှ ကျဆုံးသူ ၂ဦးသာရှိခဲ့ပြီး ဒဏ်ရာရသူ ၂၀ဦးရှိခဲ့သည်ဟု ဖော်ပြသည်။

ထိုသို့ ကျဆုံးထိခိုက်မှုနည်းပါးရခြင်းမှ စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့် ခြုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ဖြင့်သာ ထိုးစစ်ကို ခုခံခဲ့၍ဖြစ်ကြောင်း KNU တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် KNU လက် အောက်ခံတပ်များနှင့် စစ်ကောင်စီတပ်အကြား လစဉ် တိုက်ပွဲ ရာနှင့်ချီဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

Facebook