Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်ကြေညာချက်စည်းဖောက်ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ် ပြုလုပ်နေဟု KIA ပြော

စစ်ကောင်စီက အပစ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်သည့် ည၌ပင် လေကြောင်းတိုက်ခိုက် ပြီး တိုက်ပွဲဖော်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIAမှရဲဘော်တစ်ဦးအားတွေ့ရစဉ် / ကချင်ပြည်နယ်တွင်စစ်တပ်က​ ဧပြီ ၂၊ ၃ ရက်တွင်လေ​ကြောင်း တိုက်ခိုက်မှု နှင့် စစ်​ကြောင်းထိုး တိုက်ခိုက်​​သော​နေရာပြ ​မြေပုံ။ ဓာတ်ပုံ - Getty Image

ဧပြီ ၃၊ ၂၀၂၅။ ဟန်နွေ/People’s Spring

စစ်ကောင်စီက အပစ်ရပ်စဲကြောင်း ကြေညာချက် ထုတ်ပြန်သည့် ည၌ပင် လေကြောင်းတိုက်ခိုက် ပြီး တိုက်ပွဲဖော်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIAမှရဲဘော်တစ်ဦးအားတွေ့ရစဉ် / ကချင်ပြည်နယ်တွင်စစ်တပ်က​ ဧပြီ ၂၊ ၃ ရက်တွင်လေ​ကြောင်း တိုက်ခိုက်မှု နှင့် စစ်​ကြောင်းထိုး တိုက်ခိုက်​​သော​နေရာပြ ​မြေပုံ။ ဓာတ်ပုံ – Getty Image

ငလျင်ဘေးကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင် ရေးအရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်ဟုဆိုကာ စစ်ကောင်စီက ဧပြီ ၂ရက်မှ ၂၂ရက်အထိ အပစ်ရပ်စဲကြောင်း ဧပြီ ၂ရက်ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ရာ KIAကလည်း ယင်းနေ့ရက်အတိုင်းပင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကြေညာချက်ထုတ်သည့် ယမန်နေ့ ညပိုင်း၌ပင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တညလုံးနီးပါးလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့ (ဧပြီ၃) နံနက်အစောတွင်လည်း အင်းတော်ကြီးဒေသကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

” ဝိုင်းမော်မြို့နယ်ပေါ့ ခလရ(၅၈) ပတ်ဝန်းကျင် လမြန်ဘက်မှာလည်း သူတို့က မြေပြင်ကနေထိုးစစ်ဆင်လို့ဒီမနက်လည်း ခုခံတိုက်ပွဲတွေရှိပါတယ်။ အဲဒီလိုမျိုးလုပ်တာကတော့ သူတို့ထုတ်ထားတဲ့ စည်းကမ်းကို သူတို့စည်းဖောက်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ နံပါတ် ၄မှာ ရေးထားတာကတော့ ကျနော်တို့ တော်လှန်ရေး အဖွဲ့အစည်းတွေကို ဒီ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို အမြတ်ထုတ်တာမျိုး မလုပ်ရဘူးလို့ ပြောတာ။ သူတို့ကအမြတ်ထုတ်တာလို ပုံစံမျိုး ။ သူတို့အရင်စည်းဖောက်တဲ့ပုံစံမျိုးဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အပစ်ရပ်စဲရေးကြေညာချက် ထုတ်ထားသည့် နောက်ပိုင်း စစ်ကောင်စီက တိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်လျက်ရှိကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIO/KIA၏ ယမန်နေ့ ကြေညာချက်တွင် စစ်ကောင်စီ၏ ကြေညာချက်ပါ အချက်များကို စစ်ကောင်စီ ကိုယ်တိုင်လည်း လိုက်နာရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် နိုင်ငံ၌ ငလျင်ဘေးကြုံနေရချိန် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ကချင်ဒေသများ၌ စစ်ရေးလှုပ်ရှားမှုများ၊ လူသစ်စုဆောင်းမှုများ င်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။