Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးအလှူခံတဲ့ လူငယ်တွေကို စစ်ကောင်စီအဖွဲ့ ဖမ်းဆီးနေ

မြို့ကြီးတွေမှာ ငလျင်ဘေးအလှူခံနေတဲ့လူငယ်တွေကို ထောက်ခံစာမပါလို့ဆိုပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်‌ရေးမှူးနဲ့ ရဲတွေက ဖမ်းဆီးနေတယ်လို့ လူငယ်တွေဆီက ပြောပါတယ်။

မတ်လ ၂၈ရက်က လှုပ်ခတ်သည့် ငလျင်ကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၄၊၂၀၂၅။မေ/People’s Spring

မြို့ကြီးတွေမှာ ငလျင်ဘေးအလှူခံနေတဲ့လူငယ်တွေကို ထောက်ခံစာမပါလို့ဆိုပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်‌ရေးမှူးနဲ့ ရဲတွေက ဖမ်းဆီးနေတယ်လို့ လူငယ်တွေဆီက ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့နဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တို့မှာ မနေ့က လူငယ်တွေဖမ်းဆီးခံခဲ့ရပြီး တချို့တဝက်ပြန်လွတ်လာပြီလို့ သိရပါတယ်။

ဧပြီလ ၃ရက်က ဘားအံမြို့မှာ ငလျင်ဘေးအတွက် လမ်းမပေါ်မှာ အလှူခံနေတဲ့လူငယ်အဖွဲ့ကို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေက ထောက်ခံစာမပါလို့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အိမ်အထိလိုက်ပြီး ငွေရော၊ပစ္စည်းတွေရော စစ်ဆေးမယ်ဆိုပြီး ပြောတယ်။ငွေ ပမာဏကများတယ်။သူတို့က အရင်က ကိစ္စတွေပါလိုက်လာရလို့ အခုရှောင်နေရပါတယ်”လို့ မြို့ခံလူငယ်တစ်ဦး ကပြောပါတယ်။

အလားတူ ပြင်ဦးလွင်မြို့မှာလည်း ဧပြီ ၃ရက်က နာရီစဉ်အနီး အလှူခံတဲ့သူတွေကို ရဲတွေကလာ ရောက်ဖမ်းဆီးခဲ့ပြီး ရဲစခန်းမှာ ခံဝန်ထိုးကာပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

“တမြို့လုံးဖမ်းတာ။မိုးကြိုးမှာလည်း အုပ်ချုပ်ရေးမှူးတွေက အလှူခံရထားတဲ့ ငွေတွေကိုထားခဲ့ခိုင်းတယ်။ လူငယ်တွေက မိဘတွေပြန်ခေါ်ပြီးညှိတယ်။လှူတဲ့နေရာတွေကို အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်လိုက်ခဲ့ပါလို့ ပြောနေတာ။အဲ့ဟာတွေကလည်း လက်မခံဘူး။ဘယ်လိုပြီးသွားကြလဲမသိဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခဲ့တဲ့လူငယ်တွေကို ထောက်ခံချက်မပါလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက ဖမ်းဆီးနေတာလို့ လူငယ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။