Connect with us

Hi, what are you looking for?

Infographics

စစ်​ကောင်စီကင်းစင်ဖို့ ပိုနီးကပ်လာတဲ့ချင်းပြည်နယ်

ချင်းညီ​နောင်နဲ့ မဟာမိတ်​တွေက ဖလမ်းမြို့နယ် တစ်ခုလုံးကို ဧပြီ ၉ ရက်မှာအပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တာမို့ ချင်းပြည်နယ်မှာ စစ်​ကောင်စီဟာမြို့နယ် ၃ မြို့နယ်မှာပဲ ကျန်ရှိပါတော့တယ်။

People's Spring Infographic

ဧပြီ-၁၀၊၂၀၂၅။​နေ့သစ်/People’s Spring

ချင်းညီ​နောင်နဲ့ မဟာမိတ်​တွေက ဖလမ်းမြို့နယ် တစ်ခုလုံးကို ဧပြီ ၉ ရက်မှာအပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တာမို့ ချင်းပြည်နယ်မှာ စစ်​ကောင်စီဟာမြို့နယ် ၃ မြို့နယ်မှာပဲ ကျန်ရှိပါတော့တယ်။

မြို့နယ် ၉ မြိုနယ်ရှိတဲ့ ချင်းပြည်နယ်မှာ အာရက္ခတပ်​တော် (AA)ကပလက်ဝမြို့နယ် ၊ချင်း​ညီ​နောင်က မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းမြို့နယ်​​တွေ၊ ချင်း​ကောင်းစီကတွန်းဇံမြို့နယ်တို့ကို အသီးသီးသိမ်းပိုက်ထားပါတယ်။

ဒါ​ကြောင့်စစ်​ကောင်စီဟာ ဟားခါး၊ ထန်တလန်၊ တီးတိန် မြို့​နယ်​​တွေနဲ့ ခိုင်ကမ်းမြို့မှာပဲ ကျန်ရှိ​တော့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီမြို့နယ်​တွေမှာလည်း စစ်​ကောင်စီက မြို့​ပေါ်မှာပဲအဓိကတပ်စွဲ​နိုင်နေတာဖြစ်ပါတယ်။

အခု​နောက်ပိုင်းမြို့​တွေ ၊ စစ်တပ် တပ်ရင်း​တွေ၊ စစ်စခန်း​တွေ ဆက်တိုက်သိမ်း​နေတဲ့ ချင်းညီ​နောင်​တော်လှန်​ရေးတပ်​တွေက ဖလမ်းမြို့နယ်ကို သိမ်းပိုက်လိုက်ပြီဖြစ်တာမို့ စစ်​ကောင်စီတပ်​နောက်ဆုံးကျန်​နေတဲ့ သုံးမြို့နယ်ကို အဓိက ခြိမ်း​ခြောက်နိုင်ပြီလည်းဖြစ်ပါတယ်။

ချင်းညီ​နောင်ဟာ တီးတိန်မြို့နယ်ကစစ်တပ်​စခန်း​တွေကို ဆက်တိုက်လိမ့်မယ်လို့ ခန့်မှန်းချက်​တွေလည်းထွက်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်ဟာအရေးကြီးပြီး ဦးဆောင်သူအချို့ မှားတာနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း တခုလုံးရော အခြားခေါင်းဆောင်များရောနဲ့ ဦးဆောင်သူတွေကို ယုံကြည်လို့ နောက်လိုက်သူတွေ နစ်နာမှု ဖြစ်ရကြောင်း ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး