Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ်ဖို့အတွက် လက်နက်စွန့်ရမယ်ဆိုတဲ့ အစ္စရေး တောင်းဆိုမှုကို ဟားမားစ် လက်မခံ

အပစ်အခတ် ရပ်စဲရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပေးရမယ်ဆိုတဲ့ အစ္စရေးရဲ့ အဆိုပြုချက်ကို ဟားမားစ် ပြောက်ကျားတွေက ပယ်ချခဲ့ကြောင်း သိရပါတယ်။

Bloomberg

အပစ်အခတ် ရပ်စဲရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပေးရမယ်ဆိုတဲ့ အစ္စရေးရဲ့ အဆိုပြုချက်ကို ဟားမားစ် ပြောက်ကျားတွေက ပယ်ချခဲ့ကြောင်း သိရပါတယ်။

အစ္စရေးရဲ့ အဆိုပြုချက်က ဂါဇာ ကမ်းမြှောင် ဒေသမှာ သီတင်း ၆ ပတ်ကြာအောင် အပစ်အခတ် ရပ်စဲထားဖို့ဖြစ်ကြောင်း၊ အပြန်အလှန် အနေနဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ လက်နက်တွေကို စွန့်လွှတ်ပေးရမယ်လို့ တောင်းဆိုထားကြောင်း အခုကိစ္စနဲ့ နီးစပ်သူ ပါလက်စတိုင်း အရာရှိ တစ်ဦးက ဆိုပါတယ်။

ဒါပေမဲ့လည်း ဂါဇာကနေ အစ္စရေးတပ်တွေ ဆုတ်ခွာမယ်ဆိုတဲ့ ခိုင်မာတဲ့ အာမခံချက်မျိုးတော့ အစ္စရေးက မပေးခဲ့ကြောင်း အဲဒီ အရာရှိက ပြောပါတယ်။ အစ္စရေးတပ်တွေ ဂါဇာကနေ ရုပ်သိမ်းရေး ဆိုတာဟာ ဟားမားစ်တွေဖက်က အဓိက တောင်းဆိုမှု တစ်ခုပါ။

အစ္စရေးရဲ့ ကမ်းလှမ်းချက်မှာတော့ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို ဟားမားစ် လက်ထဲမှာ ကျန်နေဆဲ အစ္စရေး ဓားစာခံတွေထဲက ထက်ဝက်လောက်နဲ့ အလဲအလှယ်လုပ်ဖို့ ပါရှိကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးနဲ့ ဟားမားစ်တို့ဟာ နှစ်ဆန်းပိုင်းတုန်းက နှစ်လကြာ အပစ်ရပ်ခဲ့ပေမယ့် မတ်လလယ်လောက်ကစလို့ အစ္စရေးက ဂါဇာမှာ ထိုးစစ်တွေ ပြန်လည် စတင်ခဲ့ပါတယ်။ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်ခဲ့တာနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက အပြန်အလှန် လက်ညှိုးထိုး ဝေဖန် စွပ်စွဲမှုတွေလည်း ရှိခဲ့ပါတယ်။

အခုနောက်ဆုံး အစ္စရေးဖက်က အပစ်ရပ်ဖို့ ထပ်မံ ချဉ်းကပ်လာတဲ့ အဆိုပြုချက်တွေကို ဟားမားစ်တွေက ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကုသလမဂ္ဂကတော့ ဂါဇာမှာ တိုက်ပွဲတွေ ပြန်စလာခြင်းနဲ့အတူ ဒေသခံ ပြည်သူတွေ ကြုံတွေ့နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေဟာ အဆိုးဆုံး အဆင့်ထိ ရောက်ရှိလာနေကြောင်း သတိပေးထားပါတယ်။

ဂါဇာမှာ ဒေသခံ ပြည်သူတွေအတွက် ဖူလုံတဲ့ စားနပ်ရိက္ခာ ပမာဏမျိုး သိုလှောင်ထားနိုင်ပြီး ဖြစ်တယ်ဆိုတဲ့ အစ္စရေးရဲ့ ကြေညာချက်ကို ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီက ပယ်ချထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေး ခရီးသည် အများစု လိုက်ပါလာတဲ့ လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်မှုမှာ တိုက်ခိုက်သူဟာ အစ္စရေးရဲ့ အကြီးဆုံး နိုင်ငံတကာ လေဆိပ်ထဲ လေယာဉ်ကို ထိုးဆင်းပြီး ဖောက်ခွဲဖို့ ကြံစည်ထားခဲ့ကြောင်း စုံစမ်းရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။

သတင်း

အစ္စရေး ခရီးသည် အများစုကို တင်ဆောင်လာတဲ့ လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားသူ တွဲဖက် လေယာဉ်မှူးဟာ သူ့ရဲ့ တိုက်ခိုက်မှုအတွက် လေယာဉ်မှူး အခန်းထဲက ပုဆိန်ကို အသုံးပြုခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားသူကို အစ္စရေးက တာဝန်ယူ စစ်ဆေး မေးမြန်းဖွယ် ရှိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

လူတွေ မသေစေချင်လို့ အစွမ်းရှိသမျှ ကြိုးစားရုန်းကန်ခဲ့တာ ဖြစ်တယ်လို့ အနုကြမ်းစီးသူ တွဲဖက် လေယာဉ်မှူးကို ရနိုင်သမျှ ခုခံခဲ့တဲ့ အိန္ဒိယ လေယာဉ်မှူးက ပြောကြားခဲ့ပါတယ်။