Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ်ဖို့အတွက် လက်နက်စွန့်ရမယ်ဆိုတဲ့ အစ္စရေး တောင်းဆိုမှုကို ဟားမားစ် လက်မခံ

အပစ်အခတ် ရပ်စဲရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပေးရမယ်ဆိုတဲ့ အစ္စရေးရဲ့ အဆိုပြုချက်ကို ဟားမားစ် ပြောက်ကျားတွေက ပယ်ချခဲ့ကြောင်း သိရပါတယ်။

Bloomberg

အပစ်အခတ် ရပ်စဲရေးအတွက် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပေးရမယ်ဆိုတဲ့ အစ္စရေးရဲ့ အဆိုပြုချက်ကို ဟားမားစ် ပြောက်ကျားတွေက ပယ်ချခဲ့ကြောင်း သိရပါတယ်။

အစ္စရေးရဲ့ အဆိုပြုချက်က ဂါဇာ ကမ်းမြှောင် ဒေသမှာ သီတင်း ၆ ပတ်ကြာအောင် အပစ်အခတ် ရပ်စဲထားဖို့ဖြစ်ကြောင်း၊ အပြန်အလှန် အနေနဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ လက်နက်တွေကို စွန့်လွှတ်ပေးရမယ်လို့ တောင်းဆိုထားကြောင်း အခုကိစ္စနဲ့ နီးစပ်သူ ပါလက်စတိုင်း အရာရှိ တစ်ဦးက ဆိုပါတယ်။

ဒါပေမဲ့လည်း ဂါဇာကနေ အစ္စရေးတပ်တွေ ဆုတ်ခွာမယ်ဆိုတဲ့ ခိုင်မာတဲ့ အာမခံချက်မျိုးတော့ အစ္စရေးက မပေးခဲ့ကြောင်း အဲဒီ အရာရှိက ပြောပါတယ်။ အစ္စရေးတပ်တွေ ဂါဇာကနေ ရုပ်သိမ်းရေး ဆိုတာဟာ ဟားမားစ်တွေဖက်က အဓိက တောင်းဆိုမှု တစ်ခုပါ။

အစ္စရေးရဲ့ ကမ်းလှမ်းချက်မှာတော့ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို ဟားမားစ် လက်ထဲမှာ ကျန်နေဆဲ အစ္စရေး ဓားစာခံတွေထဲက ထက်ဝက်လောက်နဲ့ အလဲအလှယ်လုပ်ဖို့ ပါရှိကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးနဲ့ ဟားမားစ်တို့ဟာ နှစ်ဆန်းပိုင်းတုန်းက နှစ်လကြာ အပစ်ရပ်ခဲ့ပေမယ့် မတ်လလယ်လောက်ကစလို့ အစ္စရေးက ဂါဇာမှာ ထိုးစစ်တွေ ပြန်လည် စတင်ခဲ့ပါတယ်။ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်ခဲ့တာနဲ့ ပတ်သက်လို့ နှစ်ဖက်စလုံးက အပြန်အလှန် လက်ညှိုးထိုး ဝေဖန် စွပ်စွဲမှုတွေလည်း ရှိခဲ့ပါတယ်။

အခုနောက်ဆုံး အစ္စရေးဖက်က အပစ်ရပ်ဖို့ ထပ်မံ ချဉ်းကပ်လာတဲ့ အဆိုပြုချက်တွေကို ဟားမားစ်တွေက ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကုသလမဂ္ဂကတော့ ဂါဇာမှာ တိုက်ပွဲတွေ ပြန်စလာခြင်းနဲ့အတူ ဒေသခံ ပြည်သူတွေ ကြုံတွေ့နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေဟာ အဆိုးဆုံး အဆင့်ထိ ရောက်ရှိလာနေကြောင်း သတိပေးထားပါတယ်။

ဂါဇာမှာ ဒေသခံ ပြည်သူတွေအတွက် ဖူလုံတဲ့ စားနပ်ရိက္ခာ ပမာဏမျိုး သိုလှောင်ထားနိုင်ပြီး ဖြစ်တယ်ဆိုတဲ့ အစ္စရေးရဲ့ ကြေညာချက်ကို ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီက ပယ်ချထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။