Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်ရင်းက လက်နက်ကြီးဖြင့်ပစ်ခတ်၍ စစ်ရှောင်တစ်ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၄၂၂)ခြေမြန်တပ်ရင်း (ခမရ−၄၂၂)က ယနေ့(ဧပြီ ၁၈ ရက်) နံနက် ၁၀နာရီခွဲခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံအချို့ က လူထုနွေဦးသို့ ပြောသည်။

ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျရာ နေရာတစ်ခုကို တွေ့ရစဥ်။ ဓာတ်ပုံ − CJ

ဧပြီ ၁၈၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၄၂၂)ခြေမြန်တပ်ရင်း (ခမရ−၄၂၂)က ယနေ့(ဧပြီ ၁၈ ရက်) နံနက် ၁၀နာရီခွဲခန့်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံအချို့ က လူထုနွေဦးသို့ ပြောသည်။

ခမရ(၄၂၂)တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့နယ်ကြားသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

“သိရသလောက်တော့ လက်နက်ကြီးသံ ကြားလို့ ရှောင်​ဖို့ ထွက်ပြေးနေရင်း ထိသွားတာ။အသက် ၅၀ ကျော်အရွယ် ၆၀ လောက်ရှိတဲ့ အမျိုးသမီးကြီးတစ်ဦးပါ”ဟု ကရင်နီပြည်နယ်၌ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်သေဆုံး ခဲ့ရသည့် ဖြစ်စဥ်ကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၄ ရက်ကလည်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရှမ်း- ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ဒေသခံ ခြောက်ဦး သေဆုံးခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ် ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောထားသည်။

အဆိုပါပစ်ခတ်မှုမှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးဗြဲ-လွိုင်ကော်လမ်းမကြီးပေါ်ရှိ ပီကင်းကောခူရွာကို စစ်ကောင်စီက တစ် ဖက်သတ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်လော်ဘီများကမူ မိုးဗြဲမြို့ကို ယနေ့(ဧပြီ ၁၈ ရက်)ကစ၍ ပြန်လည် ထိုးစစ်ဆင်တော့မည်ဟု ရေးသားနေသည်ကို တွေ့ရသည်။

“လောလောဆယ် မိုးဗြဲက သူတို့တပ်(ခမရ−၄၂၂) ထဲကနေ အပြင်ထွက်လာတယ်။ပြန်ဝင်တယ်။အဲဒီလောက်ပဲ။မြို့ထဲတော့ မရောက်သေးဘူး”ဟု မိုးဗြဲမြို့ ရှေ့တန်း၌ရှိနေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုနှစ် ဇန်နဝါရီကစ၍ စစ်ကောင်စီတပ်များသည် လွိုင်ကော်နှင့် မိုးဗြဲမြို့ဆက်ထားသည့် လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာမှုအပေါ် ကရင်နီပြည်ရှိတပ်ပေါင်းစုံက ခုခံကာကွယ်နေ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။

အဆိုပါ ခုခံမှုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ရပြီး ကရင်နီတပ်ပေါင်းစုံက စစ်ကောင်စီတပ်သား ၆၀ကျော် ကို ချေမှုန်းနိုင်ခဲ့ကာ လက်နက်ကြီးငယ်အစုံ ၁၆လက်ရရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook