Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တို့ကို စစ်တပ် လေကြောင်းကနေ ထပ်မံဗုံးကြဲ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက အိုက်ဒိုင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ သံဃာတစ်ပါးနဲ့ ပြည်သူ ၃ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

အိုက်ဒိုင်ရွာက ဗုံးကြဲခံရတဲ့ ဘုန်းကြီးကျောင်းကို တွေ့ရစဥ်။ ဓာတ်ပုံ - ကွီးဂဏန်း၊ Voice of Mandalay

ဧပြီ ၂၁၊ ၂၀၂၅။ People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက အိုက်ဒိုင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ သံဃာတစ်ပါးနဲ့ ပြည်သူ ၃ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

အိုက်ဒိုင်ရွာကို ဧပြီ ၂၁ရက် ဒီနေ့ နေ့လည် ၁နာရီကျော်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဘုန်းကြီးကျောင်းဟာ မတ်လ ၂၈ရက်က အင်အားပြင်းငလျင်ဒဏ်ကြောင့် ကျောင်းပြိုကာ သံဃာတော်နဲ့ပြည်သူတွေ သေဆုံးထားတာဖြစ်ပြိး အဲဒီ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်သွားတာပါ။

“ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၃ဦးဒဏ်ရာရတယ်လို့ပဲ သိထားပါတယ်။ လေယာဉ်တွေက အဲတာအပြီး ဆက်တိုက်ကို ဝဲနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီနေ့ ညနေ ၃နာရီကျော်မှာလည်း စဉ့်ကူးမြို့နယ်တောင်ခြမ်းက ဇီးကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ နေအိမ် ၄လုံးထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဇီးကုန်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ လေယာဥ်ဟာ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေတက်လာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

“ရွာတောင်ပိုင်းကို ချသွားတာ။ လူတွေလွတ်လိုက်တယ်။ နွားတစ်ကောင် သေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ မနေ့ကလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။ မနေ့ကပဲ မတ္တရာမြို့နယ်အနောက်ခြမ်းက ရှင်လှတောင်ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

မန္တလေးတိုင်းအတွင်းက တောင်သာ၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး တပတ်အတွင်း ပြည်သူ ၅၀ဦးခန့် သေဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook