Connect with us

Hi, what are you looking for?

သတင်း

ထိုင်း – မြန်မာနယ်စပ်အနီးရှိ တခေါဘီထ စခန်းကို KNU စတင်တိုက်ခိုက်

ထိုင်း – မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် ၊ ဘားအံခရိုင်ထဲက တခေါဘီထ စခန်းကို ဒီနေ့ (မေလ ၇ ) မနက်ပိုင်းကစတင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၇) လက်အောက်ခံတပ်တွေ တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

KNU တပ်ဖွဲ့တွေကို တွေ့ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - KNU

မေ – ၇ ၊ ၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ထိုင်း – မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် ၊ ဘားအံခရိုင်ထဲက တခေါဘီထ စခန်းကို ဒီနေ့ (မေလ ၇ ) မနက်ပိုင်းကစတင်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၇) လက်အောက်ခံတပ်တွေ တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

နယ်စပ်အနီးမှာ ခြေကုပ်ယူတပ်စွဲထားတဲ့ အဲဒီတပ်စခန်း တိုက်ခိုက်ခံနေရပြီး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲကြောင့် စစ်ကောင်စီတပ်စခန်းအနီးတဝိုက်က ကျေးရွာတွေမှာနေထိုင်ကြသူဒေသခံတွေလည်းစစ်ရှောင်နေကြရပါတယ်။ လုံခြုံရေးကြောင့် ရွာ အမည်တွေကိုတော့ချန်လှပ်ထားပါတယ်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာ နယ်မြေမှာရှိတဲ့ ထိုင်း – မြန်မာ နယ်စပ်အနီးက စစ်ကောင်စီတပ်စခန်းတွေဟာ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံနေရတာပါ။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာဆိုရင် လေးဝေါ် ( မော်ဖားသူ) တပ်စခန်းကို KNU တပ်မဟာ (၇) ကတိုက်ခိုက်သိမ်းယူထားပါတယ်။

ဒါအပြင် အခုနှစ်အတွင်းမှာ ထိုင်း – မြန်မာ နယ်စပ်အနီးကပူးလူးတူစခန်း၊ ခလယ့်ဒေးစခန်း တွေကိုလည်း စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook