Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်နဲ့ လက်တွဲပြီး နိုင်ငံတကာ ဗိုလ်ကျစိုးမိုးမှုတွေကို တွန်းလှန်သွားမယ်လို့ ရှီကျင့်ဖျင်ပြော

နိုင်ငံတကာ ဗိုလ်ကျ စိုးမိုးရေး ဝါဒီတွေကို မိတ်ဆွေရင်းချာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့အတူ လက်တွဲ တွန်းလှန်သွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

Reuters

နိုင်ငံတကာ ဗိုလ်ကျ စိုးမိုးရေး ဝါဒီတွေကို မိတ်ဆွေရင်းချာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့အတူ လက်တွဲ တွန်းလှန်သွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်မှာ ဆိုဗီယက်က နာဇီ ဂျာမနီကို အနိုင်ရခဲ့မှု နှစ် ၈၀ ပြည့် အောင်ပွဲနေ့ အခမ်းအနား တက်ရောက်ဖို့ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ဆီ ရောက်ရှိနေရင်း ပူတင်နဲ့ တွေ့ဆုံချိန်မှာ ရှီက အခုလို ကြွေးကြော်ခဲ့တာပါ။

၄ ရက်ကြာ ခရီးစဉ်အတွင်း တရုတ်နဲ့ ရုရှားတို့ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူ စာချုပ်တွေကိုပါ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရှီက ရုရှားနဲ့ တရုတ်တို့ကြား ပိုမို နက်ရှိုင်းတဲ့ ယုံကြည်မှုမျိုး တည်ဆောက်နိုင်ခြင်းကို ချီးကျူးခဲ့ပြီး ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ ဝေဖန် ရှုတ်ချမှုကို ခံနေရတဲ့ ရုရှားအပေါ် ကာကွယ် ရပ်တည်ပေးတဲ့ သဘောမျိုးလည်း ပြောဆိုသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာကြီးမှာ တစ်ဖက်သတ် ခြယ်လှယ်မှုတွေနဲ့ လက်ဝါးကြီးအုပ် ဗိုလ်ကျ စိုးမိုးမှုတွေကို တွန်းလှန်ရာမှာ တရုတ်ဟာ ရုရှားနဲ့အတူ ရင်ဘောင်တန်း ရပ်တည်ရင်း ကမ္ဘာ့ စူပါပါဝါ နိုင်ငံကြီးတစ်ခု အနေနဲ့ ယူသင့်တဲ့ တာဝန်တွေကို ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ရှီက ဆိုပါတယ်။

ပူတင်ကလည်း ရှီကို မိတ်ဆွေကောင်း တစ်ဦးအဖြစ် ညွှန်းဆိုခဲ့ပြီး တရုတ် မိတ်ဆွေတွေနဲ့အတူ ရုရှားဟာ သမိုင်း အမှန်တရားကို မားမားရပ်တည် ကာကွယ်ဖို့၊ စစ်ပွဲ ကာလတွေရဲ့ ဖြစ်စဉ်တွေနဲ့ အမှတ်ရစရာတွေကို ထိန်းသိမ်းဖို့၊ ခေတ်သစ် နီယိုနာဇီ ဝါဒနဲ့ စစ်လိုလားမှုတွေကို တန်ပြန်ဖို့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ပူတင်က ရုရှားနဲ့ တရုတ်တို့ဟာ အခုအခါမှာတော့ နီယိုနာဇီ ဝါဒကို ကြံ့ကြံ့ခံ တွန်းလှန်ဖို့ အတူ ရပ်တည်နေတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပြီးတဲ့နောက် တရုတ်အပေါ် ပစ်မှတ်ထား ရန်လိုတဲ့ ကုန်သွယ်ရေး မူဝါဒတွေကို ကျင့်သုံးလာနေပြီး အဲဒီကိစ္စကို တန်ပြန်တဲ့ အစီအမံ အနေနဲ့ ရှီဟာ ရုရှား ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သဘောတူ စာချုပ် အများအပြားကို လက်မှတ် ရေးထိုးသွားဖွယ် ရှိနေပါတယ်။

နိုင်ငံတကာအရေး လေ့လာသူတွေကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဆိုင်ရာ ဖိအားပေးမှုတွေဟာ တရုတ်နဲ့ ရုရှားကြား ပိုပြီး နီးကပ်သွားစေခဲ့ကြောင်း မှတ်ချက်ပေးထားကြပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။