Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၄)နယ်မြေရှိ စစ်ကောင်စီတပ်များအား တိုက်ထုတ်မည်ဟု တနင်္သာရီကမ်ပိန်း ဦးဆောင်သူများပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၄)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များအား တွန်းလှန်တိုက်ထုတ်နိုင်ရေး ရည်ရွယ်သည့် တနင်္သာရီကမ်ပိန်း ငွေပုံငွေရှာဖွေမှုကို KNU တပ်မဟာ(၄) ခေါင်းဆောင်များ၏ ခွင့်ပြုကူညီမှုဖြင့် စတင်ပြုလုပ်နေကြောင်း ကမ်ပိန်းအောင်မြင်ရေး ဆောင်ရွက်နေသူများက ပြောသည်။

KNU တပ်မဟာ(၄) ပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သော ထီးခီးစစ်ကောင်စီစခန်းမှရရှိခဲ့သည့် လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ကရင် သတင်းရင်းမြစ်

မေ ၁၁၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၄)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များအား တွန်းလှန်တိုက်ထုတ်နိုင်ရေး ရည်ရွယ်သည့် တနင်္သာရီကမ်ပိန်း ငွေပုံငွေရှာဖွေမှုကို KNU တပ်မဟာ(၄) ခေါင်းဆောင်များ၏ ခွင့်ပြုကူညီမှုဖြင့် စတင်ပြုလုပ်နေကြောင်း ကမ်ပိန်းအောင်မြင်ရေး ဆောင်ရွက်နေသူများက ပြောသည်။

တနင်္သာရီကမ်ပိန်း စကားဝိုင်းကို မေလ ၁၀ရက်ကပြုလုပ်ရာ စကားဝိုင်းတွင် ပါဝင်သူများက ကမ်ပိန်း၏ရည်ရွယ်ချက်၊ ရံပုံငွေရှာဖွေမည့် သတ်မှတ်ပမာဏ၊ ကမ်ပိန်းကာလတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ကမ်ပိန်းကာလကို မေလ ၁ ရက်မှ ဇွန်လ ၁၅ ရက်ထိ တစ်လခွဲကြာ သတ်မှတ်ထားပြီး ထိုင်းဘတ် သိန်း ၃၀ ရရှိရေးဆောင်ရွက်သွားမည်ဟု စကားဝိုင်းဆွေးနွေးမှုတွင်ပါဝင်သည့် ဆရာစောဆန်းလွင်က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီ မကောင်းဆိုးရွားတွေ(အာဏာသိမ်းစစ်ကောင်စီ)က ကျနော်တို့ ပြည်သူလူထုရဲ့ နယ်မြေမှာ မရှိစေဘဲနဲ့ မောင်းထုတ်ပစ်ရမယ့် အခင်းအကျင်းတခု ဖန်တီးပြီး မောင်းထုတ်ရမယ်ဆိုတဲ့အတွေးအခေါ် ယူဆချက်နဲ့ အဲဒီနယ်မြေ ဒေသမှာရှိတဲ့ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်း နိုင်ငံတကာမှာရှိတဲ့ ကရင် လုပ်ဖော်ကိုင်ဖက်တွေက အဲဒီနယ်မြေတာဝန်ခံတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ကျနော်တို့ ဒီကိစ္စကို လုပ်ရခြင်းဖြစ်ပါတယ်”ဟု စောဆန်းလွင်က ပြောသည်။

ကမ်ပိန်းရည်ရွယ်ချက်ကို စကားဝိုင်းဆွေးနွေးမှုတွင်ပါဝင်သည့် ဆရာစောအယ်ဒါးက ရှင်းပြရာ အကြောက်တရားများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများကို အကာအကွယ်ပေးရန်၊ တည်ငြိမ်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ပေါ်ပေါက်လာစေရန်နှင့် စစ်အာဏာရှင် ခြေကုပ်နေရာယူထားသည့် နေရာများအား နယ်မြေအတွင်းမှ တွန်းထုတ်ရန် အချက်သုံးချက်အတွက် ရည်ရွယ်ပြီး ကမ်ပိန်းလုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် အာဏာခိုင်မြဲရေးတစ်ခုသာကြည့်သည့် စစ်အာဏာသိမ်းသူများ၏ လက်ဝါးကြီးအုပ်မှုကို ပြည်သူများ တွန်းလှန်ခဲ့သည်မှာ အထွတ်အထိပ်ရောက်ရှိနေပြီဖြစ်ကြောင်းလည်း စောအယ်ဒါးက ပြောသည်။

“နေရာတိုင်း၊ ဒေသတိုင်းက တချိန်တည်းမှာ အရှိန်ကောင်းကောင်းနဲ့ လုပ်နိုင်ရင်တော့ အရွေ့တခုကို ရနိုင်မှာပါ”ဟု စောအယ်ဒါးက ပြောသည်။

စစ်အာဏာသိမ်းအဖွဲ့က အာဏာတည်မြဲရေးအတွက် ၎င်းတို့ လုံခြုံမှု ပေးမည့်နေရာကို စဉ်းစားပြင်ဆင်ရာတွင် တနင်္သာရီတိုင်းသည်လည်း စကစ၏ နောက်ဆုံးစခန်း ဖြစ်နိုင်ခြေများဟု ၎င်းက သုံးသပ်သည်။

” ဒီလို စဉ်းစားတဲ့ကိစ္စမှာ တနင်္သာရီတိုင်းသည်လည်း စကစရဲ့ နောက်ဆုံး စခန်းအနေဖြစ်ဖို့ ဖြစ်နိုင်ခြေလည်း များပါတယ်ဆိုတာ တနင်္သာရီ တိုင်းရင်းသူ တိုင်းရင်းသားတွေကို အသိပေးချင်ပါတယ်။ တနင်္သာရီတိုင်းကို စကစ က ခြေကုပ်ရမယ်ဆိုရင် သူ့အတွက် တဖန် ခေါင်းထောင်လာနိုင်မယ့် အခြေအနေကို ရောက်လာလိမ့်မယ်”ဟု စောအယ်ဒါးက ပြောသည်။

အဆိုပါအခွင့်အရေးကို ပေးအပ်ခြင်းပြုမပြုနှင့် စစ်ကောင်စီ၏ အင်အားတဖန် ကြီးထွားလာနိုင်သည့်အရေးကို ကာကွယ်ခြင်းကို KNU တပ်မဟာ(၄)သာမက အခြားသော လက်နက်ကိုင်အဖွဲ့အားလုံးက လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီ၏ နယ်မြေသည် ပထဝီနိုင်ငံရေးအရ ထိုင်းဘက်သို့ ကုန်းလမ်းထွက်ပေါက်ရှိသကဲ့သို့ ပင်လယ်ထွက်ပေါက်ရှိ၍ ပထဝီ နိုင်ငံရေးအရ အက္ခရာကျကြောင်း စောဆန်းလွင်က ပြောသည်။

အဆိုပါ ဒေသကို စစ်အာဏာရှင်အစိုးရက ရုရှားနည်းပညာဖြင့် ၁၁၀ မဂ္ဂါဝပ် အနုမြူဓာတ်အားပေး စက်ရုံတခု တည်ဆောက်မည့် သတင်း ယခုနှစ် မတ်လ ၇ရက်တွင် သတင်းမီဒီယာတွင် ဖော်ပြမှုများရှိရာ ယင်းသတင်းကြောင့် ထိုင်းနှင့် မြန်မာ ပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် ကောင်းမွန်သော ဘ၀နေထိုင်မှု အတွက် အလွန်စိုးရိမ်ပူပန်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)က မေလ ၉ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်သူများ၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် စစ်တပ်၏ အကြမ်းဖက်မှုများမှ လွတ်မြောက်စေရန်အတွက် စစ်ကောင်စီအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မှုများ လုပ်ရန်လိုအပ်ကြောင်းလည်း KNUတပ်မဟာ(၄)၏ ကြေညာချက်၌ ပါရှိသည်။

KNU တပ်မဟာ(၄)သည် မေလ ၉ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ ထီးခီးစစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယင်းကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထီးခီးစခန်းမတိုင်ခင်ကလည်းဒေသတွင်းရှိ ထီးထ စစ်ကောင်စီ ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

KNUတပ်မဟာ(၄)သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး တပ်မဟာ(၄)နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး အောင်မြင်မှုများ ဆက်တိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။